Software တစ်ခုခုကို install ပြုလုပ်ရင်းမှ နောက်ခံ background မှ ၄င်း တို့၏ Browser Toolbar များကို အသုံးပြုသူ မသိအောင် silent install လုပ်သွားတတ်ကြပါတယ်။ လက်တွေ့အသုံးဝင်သည့် toolbar များရှိပေမယ့် သေချာတာတစ်ခုကတော့ မိမိအသုံးပြုနေတဲ့ browser ရဲ့အလုပ်လုပ်မှုကို သိသိသာသာနှေးကွေးစေခါ Crash ဖြစ်ရတဲ့ အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်နေပါတယ်။ ယခု taskbar remover software ကတော့ ၄င်း toolbar များအားလုံးကို auto detect ပြုလုပ်ခါ အသုံးမပြုလိုသည့် toolbar များကို အလွယ်တကူ uninstall ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။Firefox, Internet Explorer, Google Chrome အစရှိတဲ့ browser များအားလုံး အတွက် အသုံးပြုနိုင်ပြီး ၊ Ask toolbar, bing toolbar, babylon toolbar, conduit toolbar အစရှိတဲ့ toolbar အားလုံးကို detect လုပ်ခါ uninstall ပြုလုပ်ပေးနိုင်ပါတယ်။ Toolbar remover ကို Install လုပ်ပြီးနောက် run လျှင် စတင် scan ဖတ်ပြီးနောက် စက်မှာရှိနေသမျှ toolbar များကို ဖေါ်ပြပေးပါမယ်။ ပြီးလျှင် အသုံးမလိုသည့် toolbar များကို ရွေးချယ်ခါ uninstall button ကိုနှိပ်ခါ ဖြုတ်ချနိုင်ပါတယ်။ Free full version ဖြစ်တဲ့အတွက် dwonload ပြုလုပ်ခါ အဆင်သင့် အသုံးပြုနိုင်ပါတယ်။
Download zippyshare
Download ziddu

No comments:
Post a Comment