Thursday, February 28, 2013

Easy Driver နောက်ဆုံးဗားရှင်းလေးပါ

DriverEasy Professional 4.4.0.29319 Full Version လေး ရလာလို့ တင်ပေးလိုက်ပါတယ် ..
ကျွန်တော်တို့ဟာ ၀င်းဒိုးမှာ မရှိမဖြစ်လိုအပ်တဲ့ Driver တွေ ပျောက်သွားရင် .. မစုံရင်
ဒါမှမဟုတ် Update မဖြစ်ရင် ၀င်းဒိုးစနစ်ကို အကြီးအကျယ် ထိခိုက်စေတယ်ဆိုတာ
သိထားပြီးသားဖြစ်မှာပါ ..
အင်တာနက်သုံးနေတဲ့လူတစ်ယောက်အတွက် ၀င်းဒိုးမှာလိုနေတဲ့ Driver ကို ရှာဖွေ
Download ချပြီး Install လုပ်ဖို့ဆိုတာ လွယ်ကူပေမယ့် ခက်ခဲ့မယ့်အချက်နှစ်ချက်က
ကိုယ့်စက်မှာ Error တက်နေတဲ့ (ဒါမှမဟုတ်) လိုအပ်နေတဲ့ Driver တွေက ဘာတွေလဲဆိုတာ သိဖို့ခက်တဲ့အချက်ရယ် အဲဒါကိုသိပါပြီတဲ့ အဲဒီလို လိုအပ်နေတဲ့ Driver အမျိုးအစားအတိုင်း ကွက်တိရအောင် ဘယ်လိပ်စာမှာ သွားပြီး Download ချယူရမဲဆိုတာ သိဖို့ခက်တဲ့အချက်ရယ်ပါပဲ

အခု ကျွန်တော်တင်ပေးလိုက်တဲ့ Driver Easy ဆော့ဝဲလေးက အဲဒီအခက်အခဲနှစ်ခုကို ဖြေရှင်းပေးပါလိမ့်မယ်
ဒီဆော့ဝဲလေးကို Install လုပ်ပြီး Run ပေးလိုက်တာနဲ့ စက်ထဲမှာ လိုအပ်နေတဲ့ Driver တွေရဲ့
Latest Version တွေကို ရှာဖွေပြီး Download and Install လုပ်ပေးပါလိမ့်မယ် .. ( သူ့ကို Run ရင်
အင်တာနက်ချိတ်ထားဖို့တော့ လိုတာပေါ့နော် )
အင်တာနက်မချိတ်ထားတဲ့စက်တွေအတွက်တော့ Driver Pack Solution လိုဆော့ဝဲမျိုးကိုပဲ သုံးရမှာပေါ့
အဲဒီလိုဆော့ဝဲတွေကျတော့ ဆော့ဝဲထဲမှာ ထည့်ထားပေးပြီးသား Driver တွေကိုပဲ Install လုပ်ပေးမှာမို့
Update မဖြစ်တဲ့ Driver တွေလည်း ပါချင်ပါသွားတတ်ပါတယ် ..

ကဲ .. လိုချင်တဲ့သူငယ်ချင်းများ  ဒီမှာ  ဒေါင်းယူလိုက်ပါ ..


ဒေါင်းပြီးရင် ရလာတဲ့ဖိုင်ထဲက Setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ
ပြီးရင် .. Desktop ပေါ်က Driver Easy အိုင်ကွန်ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Open file location ကို
နှိပ်လိုက်ပါ .. ပွင့်လာတဲ့ ဖိုလ်ဒါထဲကို ဒေါင်းလို့ရလာတဲ့ထဲက Key file Generator ဆိုတဲ့ဖိုင်ကို ထည့်လိုက်ပါ
အဲဒီထည့်လိုက်တဲ့ဖိုင်ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Run as administrator ကိုနှိပ်ပါ
အောက်ကပုံအတိုင်းတက်လာပါမယ် ..



အဲဒီထဲက Select Version မှာ 4xxx ဆိုတာကို ရွေးပါ .. (အခု Version က နောက်ဆုံး Version 4.4.0.29319 ဖြစ်နေလို့ပါ)
အောက်က Days Left မှာတော့ နှစ်ပေါင်းတစ်ရာစာသုံးနိုင်အောင် 100 years ကို ရွေးလိုက်ပါ
License Type မှာတော့ ကြိုက်တာထားပါ ( ကျွန်တော်ကတော့ Normal မှာထားတယ် )
Username မှာလည်း ကိုယ်ကြိုက်တဲ့နံမည်ထည့်ပေးလိုက်ပါ ..
ပြီးရင် Generate ကိုနှိပ်ပါ .. နောက်တက်လာတဲ့ Box တွေကို OK / Yes / Continue ဆိုတာမျိုးတွေကိုရွေးပေးပါ ..
အဲဒါဆိုရင် သူငယ်ချင်းတို့ရဲ့ Driver Easy ဆော့ဝဲလေးဟာ ရက်ပေါင်း 36500 အထိ License Version ဖြစ်သွားပါပြီ


နောက်ထပ် Update ထွက်လို့ ဒေါင်းပြီး Install လုပ်လိုက်မိရင်လည်း Full Version အဖြစ်ကနေ Trail Version ဖြစ်မသွားပါဘူးနည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုးမှမျှဝေလိုက်ပါသည်..............

0 comments:

Post a Comment