Friday, February 22, 2013

အကောင်းဆုံး Register cleaner Registry Reviver 3.0.1.112

 ကွန်ပျူတာတစ်လုံးတွင် Program တစ်ခုကို Install သို့မဟုတ် Uninstall ပြုလုပ်စဉ်တွင် ကျန်ရှိနေသော Registry Signature များ ကြောင့်မိမိ၏ ကွန်ပျူတာ နှေးကွေးခြင်း၊ Crash ဖြစ်ခြင်း၊ Errorတက်ခြင်း စသောအခြေအနေများကို တွေ့ကြုံရတတ်ပါတယ်။ ထိုသို့သော Registry Error များကို ဖြေရှင်းပေးနိုင်ရန် အတွက် မိမိအသုံးပြုသော ကွန်ပျူတာတွင် Registry Cleaner တစ်မျိုးမျိုး အသုံးပြုရန်လိုအပ်ပါတယ်။ ယခု နောက်ဆုံးထွက် Registry Reviver 3.0.1.112 တွင် အထက်တွင်ဖေါ်ပြခဲ့သော Error များကို ဖြေရှင်းနိုင်သည့် အပြင်၊ အခြား Registry Cleaner Software များထက်အားသာသည့်အချက်မှာ Registry Error Scan ဖတ်ချိန်လျှင်မြန်ခြင်းပင်ဖြစ်ပါတယ်။ Registry Error များကို Scan ဖတ်ပြီးနောက် Fix မပြုလုပ်မှီ Auto Backup ပြုလုပ်ပေးပါတယ်။Version အသစ်မှာ User interface ကိုပိုမိုအဆင်ပြေစေနိုင်သည့် ပုံစံပြောင်းလဲပေးထားပြီး၊ Start up manager ကိုလည်း All services နှင့် Third party service ဟူ၍ ခွဲခြား ပေးထားပါတယ်။ Start up manager ကို ကွန်ပျူတာ တက်စတွင် လျှင်မြန်စေရန် updater ကဲ့သို့သော application များကို disable ပြုလုပ်ပေးထားနိုင်ရန် အသုံးပြုနိုင်ပါတယ်။ Scan ဖတ်ခါ Fix ပြုလုပ်ပြီးနောက် အဆင်မပြေမှုများကြုံတွေ့ရပါက၊ Option tab အောက်ရှိ၊ Restore Section မှ Restore ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ StartUp Manager, Registry Optimizer နှင့် သတ်မှတ်ထားသော အချိန်တွင် Auto Scan ဖတ်ပေးနိုင်သော Schedule Function များလည်းပါဝင်ပါတယ်။Download လုပ်ပြီးနောက် ဖိုင်ကိုဖြည်ခါ၊ RegistryReviverSetup.exe ကို install လုပ်ပါ။ ပြီးလျှင် task bar notification မှာ ပုံတွင်ပြထားသည့်အတိုင်း exit ဖြင့်ထွက်ပါ။ Install လုပ်ထားသော directory ထဲသို့ Crk file တွင်ပါဝင်သော 32bits (86) သို့မဟုတ် 64bits (64) မိမိစက်နှင့်သင့်တော်သည့် RegistryReviver.exe ကို Replace ပြုလုပ်ပေးလိုက်လျှင် Full Version အသုံးပြုနိုင်ပြုနိုင်ပါပြီ။


                                                              Download solidfiles

                                                              Download zippyshare

0 comments:

Post a Comment