Friday, February 22, 2013

PC Cleaner Pro 2013 (V10.11) Full Version Download

  PC Cleaner Pro လို့ခေါ်တဲ့ ကွန်ပျူတာတစ်လုံး၏ start-up အချိန် နှင့် performance ကို ပိုမိုမြန်ဆန်စေမည့် software တစ်ခုပါဖြစ်ပါတယ်။ System registry များကို စစ်ဆေးပေးခါ ပြင်ဆင်ပေးခြင်း၊ မလိုလားအပ်သော Junk file များကို ရှင်းလင်းပေးခြင်း၊ နောက်ခံ background process တွင်ပွင့်နေသော အသုံးမပြုသည့် task process များ (ဥပမာ- program updater) ကို သတ်ပေးခြင်း၊ worms, spyware, adware အစရှိတဲ့ antivirus များကို ရှင်းလင်းပေးခြင်း၊ Privacy ပိုင်းနှင့် Security ပိုင်းတွင်လည်း မလိုအပ်သည့် ActiveX file များကို ရှင်းလင်းပေးခြင်း စသည်တို့ကို one click ဖြင့် ဆောင်ရွက်ပေးနိုင်ပါတယ်။





  Antivirus software တစ်ခုခုနှင့်ပါ အတူတကွအသုံးပြုနိုင်ပါတယ် အခြား System cleaner, booster များနှင့်မတူပဲ ထူးခြားချက်ကတော့ Security ပိုင်းတွင် malware များ၊ spyware များ စသော antivirus များကို ရှင်းလင်းရာတွင် microsoft server မှ တိုက်ရိုက် download ရယူပြီး ရှင်းလင်းပေးခြင်းပဲဖြစ်ပါတယ်။ Scheduler လို့ခေါ်တဲ့ အလိုအလျှောက် scan ဖတ်ပေးနိုင်တဲ့ စနစ်မပါဝင်ခြင်းက အားနဲချက်တစ်ခုဖြစ်ပေမယ့် အသုံးများသော ကွန်ပျူတာများမှာ ၃ ရက် တစ်ကြိမ်ခန့် manually လုပ်ပေးနိုင်လျှင် အဆင်ပြေပါတယ်။ 5 MB ခန့်ရှိခါ Window XP မှ 8 အထိအသုံးပြုနိုင်ပြီး၊ download လုပ်ခါ PC Cleaner Pro 2013 v10.11 ဖိုင်ကို run ပြီးလျှင် install လုပ်ပါ။ ပြီးလျှင်ပုံတွင်ပြထားသည့်အတိုင်း Register button ကို click နှိပ်ခါ serial ဖိုင်တွင်ပါဝင်သော serial key တစ်ခုခုကို ထည့်ခါ Activate ကို နှိပ်ပေးလိုက်လျှင် Full Pro version ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။


                                                      Download zippyshare
                                  
                                            Download ziddu       

 အဆင်ပြေတယ်လင့်ကယူသွားလိုက်ပါခင်ဗျာ......

0 comments:

Post a Comment