Sunday, June 16, 2013

Format Factory 3.1.0


Format Factory ဆိုတဲ့ဆော့ဝဲကိုတော့ ကွန်ပျူတာသုံးသူတိုင်း သိပြီးသားဖြစ်ကြမှာပါ Free
သုံးခွင့်ပေးထားတဲ့ Freeware လေးဖြစ်ပေမယ့် တော်တော်ကို အဖိုးတန်တဲ့ဆော့ဝဲလေးပဲဖြစ်ပါတယ်
ဒီလောက်ကောင်းတဲ့ဆော့ဝဲကို Free သုံးခွင့်ပေးထားတဲ့ Developer ကို တော်တော်လေးချီးကျူးမိပါတယ်
ဒီဆော့ဝဲလေးကိုသုံးပြီး File Format တွေကို တစ်မျိုးကနေတစ်မျိုး အလွယ်တကူနဲ့ပြောင်းပစ်နိုင်ပါတယ်
ဥပမာ .. ကိုယ်နှစ်သက်တဲ့ VCD သီချင်းတစ်ပုဒ်ကို Ipad လေးထဲမှာထည့်ပြီးနားထောင်ချင်တယ်ပေါ့
ဒီတော့ အဲဒီ VCD သီးချင်းကို All to 3GP တို့ All to mobile devices တို့အဖြစ် FileFormat ပြောင်းပေးပြီး ကိုယ့်ရဲ့ Ipad လေးထဲကို ပြောင်းထည့်လိုက်ရုံပဲပေါ့အဲဒီလိုပဲပေါ့
ဗီဒီယိုသေးသေးလေးတစ်ခုကို .gif ဖိုင်လေးအဖြစ် ပြောင်းပစ်ချင်ရင်လည်း ရတာပါပဲ အဲ Version 3.0 ကစပြီး ပိုတိုးလာတဲ့ Feature ကတော့ Video Joiner နဲ့ Audio Joiner တို့လိုဗီဒီယိုဖိုင်တွေ အသံဖိုင်တွေကို တစ်ခုနဲ့တစ်ခု ဆက်စပ်ပေးတဲ့ Feature တွေပါပဲ Freeware ဆိုပေမယ့်
တစ်ချို့သူငယ်ချင်းတွေအတွက် Download ယူဖို့ အခက်အခဲလေးတွေ ရှိနေတတ်တာကြောင့်
ကျွန်တော်ဒေါင်းယူထားတာကိုပဲ ပြန်တင်ပေးထားလိုက်ပါတယ် အခုတင်ပေးထားတာကတော့ Format Factory 3.1 ပါ ဒီဗားရှင်းမရှိသေးလို့ လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ



             Download>>>solidfiles (or) uppit (or) zippyshare (or) dropbox


ဒေါင်းပြီးရင် အေးအေးဆေးဆေး Install လုပ်ပြီး အသုံးပြုရုံပါပဲဗားရှင်းအဟောင်းကို Install လုပ်ပြီးသားဖြစ်နေရင်လည်း ပြန်ဖြုတ်စရာမလိုပါဘူးဒီဗားရှင်းကို Install လုပ်လိုက်တာနဲ့ သူ့အလိုလို Upgrade လုပ်ပေးသွားမှာပါ Install လုပ်တဲ့နေရာမှာဗဟုသုတဖြစ်တစ်ခုလောက် ပြောပြချင်ပါသေးတယ်
 မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပေါ့ Freeware တွေကို Install လုပ်တဲ့နေရာမှာ သူတို့နဲ့အတူ ကပ်ပြီးထည့်ထားတဲ့ ပရိုဂရမ်လေးတွေပါလာလေ့ရှိပါတယ်ဒါကလည်း ဆော့ဝဲတွေကို Free ပေးနေတဲ့ Programmer တွေအတွက် စီးပွားရေးတစ်မျိုးမို့ အပြစ်ပြောလို့မရပါဘူးအသုံးပြုသူကသတိထားပြီး သုံးဖို့ပဲ လိုတာပါဒါကြောင့် အဲဒီလိုဆော့ဝဲတွေကို Install လုပ်တဲ့အခါမှာ သတိနဲ့ Install လုပ်ပါ ဥပမာ .. အခု  Format Factory ကို Install လုပ်တယ်ဆိုပါတော့အောက်ကအဆင့်လေးရောက်ရင် သတိထားပါ ...





အဲဒီ အမှန်ခြစ်လေးတွေတပ်လျက်နဲ့ Next ကိုနှိပ်လိုက်မိတယ်ဆိုရင် သူငယ်ချင်းတို့ရဲ့ Browser တွေမှာ Ask.com ဆိုတဲ့ Add-on လေးတစ်မျိုး ကပ်ငြိသွားပြီ ဖြစ်ပါတယ်သူက User ရဲ့ Privacy ကို အနှောင့်မပေးနိုင်ပေမယ့် .. သူနဲ့ပတ်သက်ထားတဲ့ ကြော်ငြာဆိုဒ်တွေအတွက် Click လေးတွေတိုးအောင်
ဖန်တီးပေးထားတဲ့ Add-On တစ်မျိုးဖြစ်တဲ့အတွက် ရှိနေတဲ့ Connection Speed ကို အပြည့်မ၀ မသုံးနိုင်တော့ပဲ အင်တာနက်လိုင်းတွေ တဖြည်းဖြည်းနှေးကွေးလေးလံလာစေပါတယ် 
အခုလို Ask.com Search Engine ဟာ အင်တာနက်သုံးသူ ၁၀ယောက်မှာ ၆ယောက်လောက်ရဲ့ Browser ထဲမှာ ကပ်ငြိနေပြီးသားဖြစ်ပါတယ်ဒါကြောင့် အဲဒီ အမှန်ခြစ်လေးတွေကို ဖြုတ်ပြီးမှ Next ကို နှိပ်ပြီး ဆက်သွားပါ ..ဒါက အခု Format Factory အတွက်ပဲပြောတာမဟုတ်ပါဘူး .. တခြား Freeware တွေကို Install လုပ်တဲ့နေရာမှာလည်း အခုလိုမျိုး သတိထားနိုင်အောင် ပြောပြတာပါ
ကဲ ... Format Factory ဗားရှင်းအသစ်လေးနဲ့ လန်းလိုက်ကြပါဦး


Format Factory is a free multifunctional media converter. Provides functions below: All to MP4/3GP/MPG/AVI/WMV/FLV/SWF/MKV. All to MP3/WMA/AMR/OGG/AAC/WAV. All to JPG/BMP/PNG/TIF/ICO/GIF/TGA. Rip DVD to video file , Rip Music CD to audio file. MP4 files support iPod/iPhone/PSP/BlackBerry format. Burn in subtitles from srt/mkv. Source files support RMVB. Based on free software like ffmpeg. WARNING: Format Factory includes a codec pack(optional) that might cause problems with other video software on your computer. NOTE!Format factory is ADWARE, optional browser toolbar.

Format Factory's Feature:
1 support converting all popular video,audio,picture formats to others.
2 Repair damaged video and audio file.
3 Reducing Multimedia file size.
4 Support iphone,ipod multimedia file formats.
5 Picture converting supports Zoom,Rotate/Flip,tags.
6 DVD Ripper.



0 comments:

Post a Comment