Wednesday, June 5, 2013

Internet Browsers တွေမှာ Login Password တွေကို ဒီလိုကြည့်မယ်...




ဒီနည်းလမ်းလေးက Internet Browser တစ်ခုခုကိုသုံးပြီး ဆိုဒ်တစ်ခုခုကို Login

ဝင်ရောက်တဲ့အခါ မှာ မိမိတို့ရဲ့ Password ကိုကြည့်ချင်ရင် အလွယ်တကူ ကြည့်နိုင်

တဲ့ နည်းလမ်းပါ။ ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူတွေ

အတွက် အခြားပုံစံမျိုးနဲ့ အသုံးချလို့ရမယ့် နည်းလည်းဖြစ်ပါတယ်။

အရင် Windows XP မှာတုန်းကတော့ See Password ဆိုတဲ့ မှန်ဘီလူးပုံစံ Software လေး

တော့သုံးခဲ့ဖူးပါတယ်။(နောက်ပိုင်း Vista,7,8 တို့မှာတော့သုံးလို့မရတော့ပါ။)

သူကို Browser ရဲ့ Password အမည်းလုံးလေးတွေအပေါ်တင်လိုက်ရင်

password ကိုမြင်နိုင်ပါတယ်။ 

အခုနည်းလမ်းလေးက ဘာ Software လေးမှသုံးထားခြင်းမဟုတ်ပဲ JavaScript Code လေး

တွေကိုအသုံးချထားတာကြောင့် Windows 8 အပါအဝင် Windows အားလုံးမှာအသုံးပြုလို့

ရသလို Internet Browser အားလုံးမှာလည်း အသုံးပြုလို့ရပါတယ်။

အခုတော့ ကျွန်တော်ကဒီနည်းလမ်းလေးကို Major Browser တွေဖြစ်တဲ့ IE, Friefox, Chrome,

Opera, Safari စတဲ့ Browser ငါးခုနဲ့ အသုံးချပြပါမယ်။


In Firefox (All Version)

အရင်ဆုံး Firefox ကိုဖွင့်လိုက်ပါ။

Bookmarks toolbar ပေါ်မှာ Right-Click ထောက် New Bookmark ကိုရွေးလိုက်ပါ။



Name နေရာမှာ SeePassword လို့ရေး၊ Location မှာ တော့ ကျွန်တော်အောက်မှာပေးထား

တဲ့ JavaScript Code တွေကို Copy ကူးပြီး ထည့်လိုက်ပါ။ပြီးရင် Add ကိုနှိပ်လိုက်ပါ။




**********************************************
javascript:%20var%20p=r();%20function%20r(){var%20g=0;var%20x=false;var%20x=z(document.forms);g=g+1;var%20w=window.frames;for(var%20k=0;k<w.length;k++)%20{var%20x%20=%20((x)%20||%20(z(w[k].document.forms)));g=g+1;}if%20(!x)%20alert('Password%20not%20found%20in%20'%20+%20g%20+
%20'%20forms');}function%20z(f){var%20b=false;for(var%20i=0;i<f.lengthi++)%20{var%20e=f[i].elements;for(var%20j=0;j<e.length;j++)%20{if%20(h(e[j]))%20{b=true}}}return%20b;}function%20h(ej){var%20s='';if%20(ej.type=='password'){s=ej.value;if%20(s!=''){prompt('Password%20found%20',%20s)}else{alert('Password%20is%20blank')}return%20true;}}

**********************************************

အခု Bookmarks toolbar မှာ SeePassword ဆိုတဲ့ Bookmark လေးရောက်နေတာတွေ့ရပါမယ်။




သူအလုပ် လုပ်လားမလုပ်လားဆိုတာ စမ်းကြည့်ဖို့  Gmail Account ကိုဝင်ကြည့်ရအောင်..

Password နေရာမှာ ရိုက်လိုက်တဲ့ စာလုံးတွေက အမည်းလုံးလေးတွေပဲမြင်ရပြီး ကိုယ်ရိုက်လိုက်တဲ့

စာလုံး မှန်မမှန် ကြည့်ဖို့ SeePassword ဆိုတာလေးကိုနှိပ်ကြည့်လိုက်ပါ။ အဲဒီမှာ

Password found ဆိုပြီး ကိုယ်ရိုက်လိုက်တဲ့ စာလုံးတွေကိုတွေ့နိုင်ပါပြီ။






ကဲဘယ်လိုလဲ လွယ်တယ်မဟုတ်လား...။

ဒါက ဘယ်ဆိုဒ်ကိုဝင်တဲ့ Password ကိုမဆိုကြည့်လို့ရတဲ့နည်းလေးပါ။


In Internet Explore (IE) 


ဒီမှာလည်း အပေါ်ကနည်းလမ်းလို New Bookmark လုပ်လို့ရပါတယ်။

ဒါပေမယ့်ပိုလွယ်တဲ့နည်းကို ပြောပါမယ်။

အရင် အပေါ်က Firefox Bookmarks toolbar မှာရှိနေတဲ့ SeePassword ဆိုတဲ့ Bookmark လေးကို

မောက်လေးနဲ့ဖိဆွဲပြီး Desktop ပေါ်ဖြစ်ဖြစ်နှစ်သက်ရာနေရာပေါ်ကို လွှတ်ချလိုက်ပါ။ (Drag and Drop

လုပ်ပါ)




အဲဒီအခါ Internet Shortcut လေးအဖြစ်ပေါ်နေတာကိုတွေ့ရပါမယ်။




အဲဒီ SeePassword Shortcut လေးကို IE ရဲ့ Fevourites bar ပေါ်ကို Drag and Drop လုပ်ပေးလိုက်ရင်

SeePassword ဆိုတာလေး Fevourites bar မှာတွေ့ရရင် ရပါပြီ..။






Login ဝင်လို့ Password ရိုက်တဲ့အခါ SeePassword လေးကိုနှိပ်ပြီး ကြည့်လို့ရပါပြီ...။


In Chrome and Safari

Chrome မှာလည်း အပေါ်က IE တုန်းကလိုပဲ Bookmarks bar ပေါ်ကို SeePasswrod ဆိုတာလေး

Drag and Drop လုပ်ပြီး တင်ပေးလိုက်ပါ။


In Opera

Opera မှာတော့ IE, Chrome, Safari တို့လို အလွယ်တကူ Drag and Droup လုပ်လို့မရပါဘူး။

အရင်ဆုံး Menu >> Bookmarks >> Bookmarks page..  ကိုသွားပါ။




Add Bookmark မှာ Details ကိုဖြည်ချလိုက်ပါ။ Name မှာ SeePassword ကိုရေး၊ Create in မှာ

Drop down arrow လေးကို ဖြည်ချပြီး Bookmarks Toolbar ကိုရွေးပေးပါ။ Address မှာတော့

ကျွန်တော်ပေးထားတဲ့ JavaScript Code တွေကို ကူးထည့်လိုက်ပါ။ နောက် Show on bookmark bar

မှာအမှတ်ခြစ်ပေးပြီး Ok ပေးလိုက်ရင် Bookmarks toolbar မှာ SeePassword လေးပေါ်ပါပြီ။





ကဲ..ကျွန်တော်အပေါ်မှာပြောခဲ့တဲ့နည်းလေး ကို စမ်းကြည့်လိုက်ကြပါဗျာ...။

Hacking စိတ်ဝင်စားသူတွေကတော့ ကျွန်တော်ပေးထားတဲ့ JavaScript Code လေးတွေကို

ဘယ်လို အသုံးချရင်ကောင်းမလဲ ဆိုတာ စဉ်းစားကြည့်ကြပေါ့ဗျာ...။

အကယ်၍ Bookmark လေးလုပ်ရတာအဆင်မပြေရင် အောက်မှာအသင့်လုပ်ပြီးသား

SeePassword Bookmark လေးကိုဒေါင်းယူလိုက်ကြပါဗျာ...။



Download SeePassword bookmark>>>ge.tt (or) dropbox (or) zippyshare




                                     
                                                  Credit=>ko yan



0 comments:

Post a Comment