My Computer မှာ Drive D: E: F: G: စ,တဲ့ Drive တွေပျောက်နေရင် အလွယ်တကူ ပြန်ဖေါ်ယူနိုင်ပါတယ်...။
ကိုယ်တိုင်ကြုံဖူးတာပါ ... ဟိုနေ့က Window ပြန်တင်အပြီး D: Drive တစ်ခုလုံး လုံးဝပျောက်သွားပါတယ်.. အရေးကြီးတာတွေ ထည့်ထားတာဆိုတော့ ရုတ်တရက် ပူထူသွားတာပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူးဖြစ်သွားပါတယ်... ဒါနဲ့ ဒီနည်းလမ်းလေးနဲ့ ပြန်အဆင်ပြေသွားလို့ မသိသေးသူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ် ... 100% အဆင်ပြေပါတယ်..။

Start > Search Box လေးထဲမှာ diskmgmt.msc ကိုရေးထည့်ပေးပြီး Enter ခေါက်ပါ Disk Management Box ပေါ်လာရင် ပုံထဲကလို ပျောက်နေတဲ့ Drive Partition ပေါ်ကို Right Click နဲ့ “Change Drive Letter and Paths” ရွေးပြီး....
ပုံထဲကအတိုင်း ပျောက်နေတဲ့ D: (or) E: နာမည်တခုခု ရွေးပေးပြီး OK ကိုနှိပ်လိုက်ပါ...
My Computer ကို ပြန်ဖွင့်ကြည့်လိုက်ပါ ပျောက်နေတဲ့ Drive လေးပြန်ရောက်နေပါပြီ...။
အားလုံး အဆင်ပြေကြပါစေ..
ဝင်းကမ္ဘာကျော်
မှကူးယူဖော်ပြထားသည်
0 comments:
Post a Comment