Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts

Wednesday, June 5, 2013

Internet Browsers တွေမှာ Login Password တွေကို ဒီလိုကြည့်မယ်...




ဒီနည်းလမ်းလေးက Internet Browser တစ်ခုခုကိုသုံးပြီး ဆိုဒ်တစ်ခုခုကို Login

ဝင်ရောက်တဲ့အခါ မှာ မိမိတို့ရဲ့ Password ကိုကြည့်ချင်ရင် အလွယ်တကူ ကြည့်နိုင်

တဲ့ နည်းလမ်းပါ။ ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူတွေ

အတွက် အခြားပုံစံမျိုးနဲ့ အသုံးချလို့ရမယ့် နည်းလည်းဖြစ်ပါတယ်။

အရင် Windows XP မှာတုန်းကတော့ See Password ဆိုတဲ့ မှန်ဘီလူးပုံစံ Software လေး

တော့သုံးခဲ့ဖူးပါတယ်။(နောက်ပိုင်း Vista,7,8 တို့မှာတော့သုံးလို့မရတော့ပါ။)

သူကို Browser ရဲ့ Password အမည်းလုံးလေးတွေအပေါ်တင်လိုက်ရင်

password ကိုမြင်နိုင်ပါတယ်။ 

အခုနည်းလမ်းလေးက ဘာ Software လေးမှသုံးထားခြင်းမဟုတ်ပဲ JavaScript Code လေး

တွေကိုအသုံးချထားတာကြောင့် Windows 8 အပါအဝင် Windows အားလုံးမှာအသုံးပြုလို့

ရသလို Internet Browser အားလုံးမှာလည်း အသုံးပြုလို့ရပါတယ်။

အခုတော့ ကျွန်တော်ကဒီနည်းလမ်းလေးကို Major Browser တွေဖြစ်တဲ့ IE, Friefox, Chrome,

Opera, Safari စတဲ့ Browser ငါးခုနဲ့ အသုံးချပြပါမယ်။


In Firefox (All Version)

အရင်ဆုံး Firefox ကိုဖွင့်လိုက်ပါ။

Bookmarks toolbar ပေါ်မှာ Right-Click ထောက် New Bookmark ကိုရွေးလိုက်ပါ။



Name နေရာမှာ SeePassword လို့ရေး၊ Location မှာ တော့ ကျွန်တော်အောက်မှာပေးထား

တဲ့ JavaScript Code တွေကို Copy ကူးပြီး ထည့်လိုက်ပါ။ပြီးရင် Add ကိုနှိပ်လိုက်ပါ။




**********************************************
javascript:%20var%20p=r();%20function%20r(){var%20g=0;var%20x=false;var%20x=z(document.forms);g=g+1;var%20w=window.frames;for(var%20k=0;k<w.length;k++)%20{var%20x%20=%20((x)%20||%20(z(w[k].document.forms)));g=g+1;}if%20(!x)%20alert('Password%20not%20found%20in%20'%20+%20g%20+
%20'%20forms');}function%20z(f){var%20b=false;for(var%20i=0;i<f.lengthi++)%20{var%20e=f[i].elements;for(var%20j=0;j<e.length;j++)%20{if%20(h(e[j]))%20{b=true}}}return%20b;}function%20h(ej){var%20s='';if%20(ej.type=='password'){s=ej.value;if%20(s!=''){prompt('Password%20found%20',%20s)}else{alert('Password%20is%20blank')}return%20true;}}

**********************************************

အခု Bookmarks toolbar မှာ SeePassword ဆိုတဲ့ Bookmark လေးရောက်နေတာတွေ့ရပါမယ်။




သူအလုပ် လုပ်လားမလုပ်လားဆိုတာ စမ်းကြည့်ဖို့  Gmail Account ကိုဝင်ကြည့်ရအောင်..

Password နေရာမှာ ရိုက်လိုက်တဲ့ စာလုံးတွေက အမည်းလုံးလေးတွေပဲမြင်ရပြီး ကိုယ်ရိုက်လိုက်တဲ့

စာလုံး မှန်မမှန် ကြည့်ဖို့ SeePassword ဆိုတာလေးကိုနှိပ်ကြည့်လိုက်ပါ။ အဲဒီမှာ

Password found ဆိုပြီး ကိုယ်ရိုက်လိုက်တဲ့ စာလုံးတွေကိုတွေ့နိုင်ပါပြီ။






ကဲဘယ်လိုလဲ လွယ်တယ်မဟုတ်လား...။

ဒါက ဘယ်ဆိုဒ်ကိုဝင်တဲ့ Password ကိုမဆိုကြည့်လို့ရတဲ့နည်းလေးပါ။


In Internet Explore (IE) 


ဒီမှာလည်း အပေါ်ကနည်းလမ်းလို New Bookmark လုပ်လို့ရပါတယ်။

ဒါပေမယ့်ပိုလွယ်တဲ့နည်းကို ပြောပါမယ်။

အရင် အပေါ်က Firefox Bookmarks toolbar မှာရှိနေတဲ့ SeePassword ဆိုတဲ့ Bookmark လေးကို

မောက်လေးနဲ့ဖိဆွဲပြီး Desktop ပေါ်ဖြစ်ဖြစ်နှစ်သက်ရာနေရာပေါ်ကို လွှတ်ချလိုက်ပါ။ (Drag and Drop

လုပ်ပါ)




အဲဒီအခါ Internet Shortcut လေးအဖြစ်ပေါ်နေတာကိုတွေ့ရပါမယ်။




အဲဒီ SeePassword Shortcut လေးကို IE ရဲ့ Fevourites bar ပေါ်ကို Drag and Drop လုပ်ပေးလိုက်ရင်

SeePassword ဆိုတာလေး Fevourites bar မှာတွေ့ရရင် ရပါပြီ..။






Login ဝင်လို့ Password ရိုက်တဲ့အခါ SeePassword လေးကိုနှိပ်ပြီး ကြည့်လို့ရပါပြီ...။


In Chrome and Safari

Chrome မှာလည်း အပေါ်က IE တုန်းကလိုပဲ Bookmarks bar ပေါ်ကို SeePasswrod ဆိုတာလေး

Drag and Drop လုပ်ပြီး တင်ပေးလိုက်ပါ။


In Opera

Opera မှာတော့ IE, Chrome, Safari တို့လို အလွယ်တကူ Drag and Droup လုပ်လို့မရပါဘူး။

အရင်ဆုံး Menu >> Bookmarks >> Bookmarks page..  ကိုသွားပါ။




Add Bookmark မှာ Details ကိုဖြည်ချလိုက်ပါ။ Name မှာ SeePassword ကိုရေး၊ Create in မှာ

Drop down arrow လေးကို ဖြည်ချပြီး Bookmarks Toolbar ကိုရွေးပေးပါ။ Address မှာတော့

ကျွန်တော်ပေးထားတဲ့ JavaScript Code တွေကို ကူးထည့်လိုက်ပါ။ နောက် Show on bookmark bar

မှာအမှတ်ခြစ်ပေးပြီး Ok ပေးလိုက်ရင် Bookmarks toolbar မှာ SeePassword လေးပေါ်ပါပြီ။





ကဲ..ကျွန်တော်အပေါ်မှာပြောခဲ့တဲ့နည်းလေး ကို စမ်းကြည့်လိုက်ကြပါဗျာ...။

Hacking စိတ်ဝင်စားသူတွေကတော့ ကျွန်တော်ပေးထားတဲ့ JavaScript Code လေးတွေကို

ဘယ်လို အသုံးချရင်ကောင်းမလဲ ဆိုတာ စဉ်းစားကြည့်ကြပေါ့ဗျာ...။

အကယ်၍ Bookmark လေးလုပ်ရတာအဆင်မပြေရင် အောက်မှာအသင့်လုပ်ပြီးသား

SeePassword Bookmark လေးကိုဒေါင်းယူလိုက်ကြပါဗျာ...။



Download SeePassword bookmark>>>ge.tt (or) dropbox (or) zippyshare




                                     
                                                  Credit=>ko yan



Tuesday, June 4, 2013

အင်တာနက် Upload Speed ကို ဒီလိုမြှင့်လိုက်ပါ


အင်တာနက်သုံးနေတဲ့သူတွေအနေနဲ့ စိတ်အ၀င်စားဆုံးကိစ္စတွေထဲမှာ အင်တာနက် Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့ ..

ဒါပေမယ့် .. အဲဒီလိုလူတွေထဲမှာမှ ကိုယ့်ဆီမှာရှိတဲ့ ဖိုင်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်သူတွေနဲ့ Blogger တွေအဖို့  Upload Speed မြင့်ဖို့ကလည်း တော်တော်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ...

ဒီတော့ .. ကွန်နက်ရှင်မကောင်းတဲ့ဒေသမှာနေနေရတဲ့ ကျွန်တော့်အဖို့ ရှာရင်းဖွေရင်း ကလိရင်းနဲ့ အမှန်တကယ် ထရောက်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..


ဖိုင်တွေကို Hosting Site တွေမှာ တင်တဲ့အခါ Upload Speed ကို သိသိသာသာမြှင့်ပေးနိုင်မယ့် နည်းလေးတစ်ခုပါ ..

ကဲ .. အဆင့်နှစ်ဆင့်လုပ်ရမယ့်ထဲက ပထမအဆင့်ကို စပါမယ် ..



ဝင်းဒိုးကြီးရဲ့ Run Box မှာ gpedit.msc လို့ ရိုက်ထည့်ပြီး Enter နှိပ် ဒါမှမဟုတ်လည်း Ok နှိပ်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်



အဲဒီထဲက Administrative Templates ရဲကရှေ့က မြှားအဖြူလေးကိုနှိပ်လိုက်ပါ
အောက်ပုံအတိုင်း ကျလာပါမယ်






အဲဒီထဲက Network ရဲ့ရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ အောက်ကပုံအတိုင်း
ထပ်ကျလာပါမယ်






အဲဒီထဲက Qos packet Schedule ပေါ်မှာနှိပ်ပြီး ဘယ်ဖက်ထဲမှာ ပေါ်လာတဲ့ထဲက Limit reservable bandwidth ပေါ်မှာ Double Click နှိပ်လိုက်ပါ အောက်ကပုံအတိုင်း ၀င်းဒိုးအသစ်တစ်ခု ပွင့်လာပါမယ်




အဲဒီထဲက enable ရဲ့ရှေ့မှာ အမှတ်တပ်ပေးပါ
အောက်မှာရှိနေတဲ့ကိန်းတွေကို ဘယ်လောက်ပဲဖြစ်နေပါစေ 0 ( သုည ) ပြောင်းလိုက်ပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ ..
ဒီအဆင့်ပြီးတာနဲ့ စက်ကို Restart ချလိုက်ပါ

ဒုတိယအဆင့်ကို မစတင်ခင်မှာ အင်တာနက်လိုင်းကို အရင်ဆုံးချိတ်လိုက်ပါ
ဖုန်းနဲ့ဆိုလည်းဖုန်းနဲ့ ... Wifi နဲ့ဆိုလည်း Wifi နဲ့ပေါ့ ..
အဲဒီလို အင်တာနက်လိုင်း ချိတ်ပြီးသွားပြီဆိုရင်တော့ Control Panel ကို သွားပြီး
Device Manager ကိုဖွင့်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်




အဲဒီထဲက Ports ( COM & LPT ) ရဲကရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ
အောက်ကပုံအတိုင်း ကျလာပါမယ်


အဲဒီထဲမှာ COM 1, COM2 ... စသည်ဖြင့် တွေ့ပါလိမ့်မယ် .. ( အင်တာနက်လိုင်းအမျိုးအစားပေါ်မူတည်ပြီး အရေအတွက် မတူပါဘူး )
အဲဒီထဲက တစ်ခုချင်းပေါ်မှာ Double Click နှိပ်လိုက်ရင် ၀င်းဒိုးတစ်ခု ပွင့်လာပါမယ် ..



ပွင့်လာတဲ့ ၀င်းဒိုးထဲက Port Settings ကိုနှိပ်လိုက်ပြီး  Bits per second အကွက်မှာ 128000 ကိုပြောင်းပေးပါ
Flow control အကွက်မှာ none ကနေ Hardware ကို ပြောင်းပေးပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ
နောက်ထပ် COM 2 ... အဲဒီလို တွေကိုလည်း အပေါ်ကအတိုင်း ပြင်ပေးသွားလိုက်ပါ
အားလုံးအတွက် ပြင်ပေးပြီးသွားရင်တော့ စက်ကို Restart ချပေးလိုက်ပါ
ဝင်းဒိုးပြန်တက်လာတဲ့အခါ အင်တာနက်ချိတ်ဆက်ပြီး ဖိုင်တစ်ဖိုင်လောက်  Upload တင်ကြည့်လိုက်ပါ
တကယ်ပဲ Upload Speed ဟာ သိသိသာသာမြင့်တက်လာတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ



                                                   Credit=>အိုင်တီမုဆိုး




Tuesday, April 23, 2013

Facebook အကောင့် Lock မကျအောင် ဒီလို ကာကွယ်ထားပါ

http://scm-l3.technorati.com/11/12/02/57781/facebook-lock-graphic-securestate.jpg?t=20111202142305%22

Facebook ဟာ ဒီရက်ပိုင်းအတွင်း ပြဿနာ တော်တော်ရှာလာတယ်လို့ပြောရမလောက်ပါပဲ
တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ
ဘာကြောင့်လဲဆိုတော့Facebookကိုအသုံးပြုပြီးဘဏ်အကောင့်တွေခိုးတယ်.. နိုင်ငံရေးအမြတ်ထုတ်မှုတွေလုပ်တယ် .. Cyber Attack တွေကြံစည်လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ ..
တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံနေရတာဆိုတော့ Facebook ကိုလည်း အပြစ်ပြောလို့မရပါဘူး ...
အသုံးပြုနေတဲ့ User တွေကသာ သတိလေးနဲ့ သုံးစွဲရုံပေါ့

Facebook ဟာ သူ့ဆီကို Log in ၀င်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ Browser ရဲ့
Date .. Cookies .. History .. Proxy .. စတာတွေကို အရင်ဖတ်ပါတယ်
( ဒါကတော့ ဘယ်ဆိုက်ကို ၀င်ဝင်ပါ )
ပြီးရင် email and password တွေသိုလှောင်ထားတဲ့ php နဲ့ ချိတ်ဆက်ပြီး Log in
အချက်အလက်မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ပြဿမရှိဘူးဆိုရင် အကောင့်ပွင့်သွားပါတယ်
အဲဒီတော့ .. မကြာသေးမီကမှ ကိုယ့်ရဲ့ အကောင့်ကို ဖုန်းနဲ့ ၀င်လိုက်တယ် ..
အကြောင်းကြောင်းကြောင့် စနစ်တကျ Log out မထွက်လိုက်ရပဲ ပိတ်လိုက်တယ်
နောက် .. ခဏနေတော့ ကွန်ပျူတာနဲ့ ကိုယ့်အကောင့်ကို ပြန်ဝင်ပြန်တယ် ..
အဲဒီမှာ Check လုပ်တဲ့အဆင့်မှာတင် Facebook အတွက် သံသယဖြစ်စရာတွေ
ရှိသွားပါပြီ .. ပထမ Log in က Log out မထွက်သေးပဲ နောက်ထပ် စက်တစ်လုံးက
Log in ၀င်လာပြန်ပြီပေါ့ ...
Facebook account တွေ လော့ကျတတ်တာရဲ့ အဓိက ပြဿနာက အဲဒါပါပဲ
နောက်ထပ် လော့ကျနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါသေးတယ်
Password အမှားကြီးနဲ့ ခဏခဏ Log in ၀င်ဖို့ကြိုးစားတာမျိုး
Friend Request တွေ အများကြီး ပို့နေတာမျိုးတခြားလူတွေရဲ့ Wall တွေပေါ်မှာ လင့်ပါတဲ့ စာသားတွေ သွားသွားတင်တတ်တာမျိုးfacebook က Ban ထားတဲ့ ၀က်ဆိုက်တွေထဲကို Facebook ကို Log in ၀င်ထားရင်း သွားလည်မိတာမျိုး .. ( ဥပမာ .. http://zamal-tkj.blogspot.com ဆိုတဲ့ လိပ်စာကို
Facebook ရဲ့ တစ်နေရာရာမှာ ရေးကြည့်ပါ. .. လက်မခံတာတွေ့ရပါလိမ့်မယ် )
ကဲ .. အဲဒီတော့ ကျွန်တော်တို့ရဲ့ Facebook အကောင့်ဟာ လော့ကျနိုင်ခြေတွေ
အများကြီးလို့ ဆိုရမှာဖြစ်ပါတယ်

လော့ကျပြီးသွားရင်တော့ အကောင့်ပြန်ရဖို့ ( Unlock လုပ်ဖို့ ) တော်တော်ကို ခက်ခဲသွားပါပြီ
ဒီတော့ .. ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုသလိုပဲ
ကျွန်တော်တို့ရဲ့ အကောင့်လေး လော့မကျခင်ကတည်းက လော့ကျဖို့ ခက်ခဲအောင်
ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်
ကျွန်တော်တို့ရဲ့ အကောင့်ဟာ ကြောငြာအကောင့် ( Spam အကောင့် ) မဟုတ်တဲ့အကြောင်း
တခြားအကောင့်ပိုင်ရှင်တွေကို စိတ်အနှောက်အယှက်မပေးတဲ့အပြင် Facebook User အချို့အတွက်
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက အကူအညီတောင်ပေးသေးတယ်လို့ Facebook ကို အသိပေးထားနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အကောင့်တွေဟာ တော်ရုံတန်ရုံနဲ့ လော့မကျနိုင်တော့ပါဘူး ..
အဲဒါဆိုရင် ဘယ်လိုလုပ်မှာလဲ .. ဟုတ်ကဲ့ .. လွယ်ပါတယ်တစ်ကယ်ကိုလွယ်ပါတယ် ..
ပထမဆုံးကိုယ့်ရဲ့ Facebook အကောင့်ကိုတော့ Log in ၀င်ထားရပါမယ်



ပြီးပြီဆိုရင် ဒီနေရာ ကိုသွားလိုက်ပါ


အဲဒီ Page ကိုရောက်ပြီဆိုရင် .. အောက်ဆုံးကို ဆင်းကြည့်လိုက်ရင် စာရေးစရာနေရာလေးနဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ်




အဲဒီထဲမှာ အင်္ဂလိပ်လို တစ်ခုခုရေးပြီး Add Answer ကို နှိပ်လိုက်ပါ
ဘာရေ။ရမှာမှန်းမသိရင်လည်း သူများရေးထားတာတွေကို ကော်ပီကူးပြီး ထည့်ပေးလို့ရပါတယ်
(တော်တော်များများလည်း အဲဒီလို ကော်ပီကူးပြီး ပြန်ထည့်ထားကြတာကို တွေ့ရပါလိမ့်မယ် )
တစ်ခုရှိတာက အဲဒီထဲမှာ ဘာလင့်ကိုမှ မထည့်မိဖို့ပါပဲ ..
ကိုယ်ရေးလိုက်တဲ့ Answer လေး တက်သွားပြီဆိုရင် Address bar မှာရှိတဲ့ လင့်လေးကို ကော်ပီကူယူလာပြီးကိုယ့်ရဲ့ Friend တွေကို ပေးပါ .. သူတို့ကို ကိုယ့်ရဲ့ Answer ရဲ့အောက်က Helpful ဆိုတာလေးကိုနှိပ်ပေးဖို့ အကူအညီတောင်းပါ Helpful အရေအတွက် များလေကောင်းလေပါပဲ ..( ဒါပဲနော် .. နည်းလမ်းပြောပြတဲ့ ကျွန်တော့် Answer ကိုလည်း Helpful နှိပ်ပေးထားခဲ့ရမယ် .. မစိမ်းကားကြေး)
တခြားသူတွေကိုလည်း သူတို့ရေးထားတဲ့ Answer လေးတွေကို Helpful နှိပ်ပြီး အကူအညီပေးပါ
ဒီ Feature လေးက Facebook အကောင့်ကို အသစ်ဖွင့်ဖွင့်ခြင်းမှာ လော့ကျတာမျိုးမဟုတ်ပဲ
အသုံးပြုနေရာကနေ လော့ကျတာမျိုးဆိုရင်တောင် အဲဒီ Page မှာ Helpful များများရအောင်လုပ်နိုင်ရင်
အဲဒီအကောင့် ပြန်ရပါတယ် ..ကဲ . အဆင်ပြေကြပါစေဗျာ

 
 

Sunday, April 21, 2013

ဝက်ဆိုက်တစ်ခုလုံးကို ဒေါင်းယူထားပြီး Offline မှာလေ့လာဖို့ Inspyder Web2Disk 3.2.5


ဒီဆော့ဝဲက ကိုယ်သဘောကျတဲ့ ၀က်ဆိုက်တစ်ခုလုံးကို ဒါမှမဟုတ်ရင်လည်း အဲဒီဝက်ဆိုက်ထဲက ကိုယ်သဘောကျတဲ့ ပို့စ်တစ်ခုချင်းစီကို Download ယူထားပြီး အင်တာနက်လိုင်းမရှိပဲ Browser နဲ့ဖွင့်ပြီး အင်တာနက်ရှိနေတဲ့အတိုင်း လေ့လာလို့ရတဲ့ ဆော့ဝဲပဲ ဖြစ်ပါတယ်လိုချင်တဲ့သူငယ်ချင်းများအောက်မှာ
 ဒေါင်းယူနိုင်ပါတယ်ခင်မျာ........

                     Download=>solifiles \ fileswap \ dropbox
 

ဒေါင်းပြီးရင် အထဲမှာ exe ဖိုင်နဲ့ keygen ချုံ့ဖိုင်ဆိုပြီး နှစ်ခုတွေ့ရပါမယ်
exe ဖိုင်ကို Install မလုပ်ခင် Antivirus နဲ့ အင်တာနက် ကွန်နက်ရှင်ကို ခဏပိတ်ပေးထားရပါမယ်
Install လုပ်ပြီးရင် ပရိုဂရမ်ကို မ Run စေပဲ ပိတ်လိုက်ပါ
ပြီးရင် keygen ထဲက ဖိုင်ကို C >> Program files >> Inspyder Software Inc >> Inspyder Web2Disk ဆိုတဲ့ ဖိုဒါထဲကို ကူးထည့်လိုက်ပါ ( 64bit အတွက်တော့ Program files အစား Program files (x86) ထဲမှာ ရှာရမှာပါ )
ပြီးရင် keygen ဖိုင်ကို Run လိုက်ပါ



ပွင့်လာတဲ့ထဲက Inspyder Web2disk 3 ဆိုတဲ့ ဆော့ဝဲကိုရွေးပေးပါ
အောက်မှာပေါ်နေတဲ့ထဲက email နဲ့ key ကို ကူးယူထားပြီး Notepad လေးထဲမှာ ဖြစ်ဖြစ် သိမ်းထားပါ
ပြီးရင် အောက်နားလေးက Patch ဆိုတာကို နှိပ်လိုက်ပါ ( ဆော့ဝဲအမျိုးအစားရွေးတာမှားရင် Target မတွေ့ကြောင်း error box တက်လာပါမယ် )
Successful ဖြစ်သွားရင် Exit ကိုနှိပ်ပြီး ထွက်လိုက်ပါ
ပရိုဂရမ်ကို Run လိုက်ပါ
Register လုပ်ခိုင်းပါလိမ့်မယ်
အဲဒီထဲက email နဲ့ Key နေရာမှာ စောဏ က ကူးယူထားတဲ့ email နဲ့ Key ကို ထည့်ပေးလိုက်ပါ
ပြီးရင် Ok ကိုနှိပ်ပေးလိုက်ပါ
ဒါဆိုရင် Full Version အဖြစ် သုံးလို့ရသွားပါပြီ
ကဲ .. ဘယ်လိုသုံးမှာလဲ ..
လွယ်ပါတယ် .. ပရိုဂရမ်ကို Run လိုက်ရင် အောက်ကပုံအတိုင်း တက်လာပါမယ်



အဲဒီထဲက Root URL အကွက်မှာ ကိုယ် ဒေါင်းချင်တဲ့ ၀က်ဆိုက်ရဲ့ လင့် ဒါမှမဟုတ် ကိုယ်ဒေါင်းချင်တဲ့ ပို့စ်ရဲ့ လင့်ကို ထည့်ပေးပြီး go ဆိုတာလေးကိုနှိပ်ပေးလိုက်ရုံပါပဲ
Complete ဖြစ်သွားတဲ့အခါ C >> နံမည် >>My Documents >> Website ဆိုတဲ့ ဖိုဒါထဲမှာ ကိုယ်ဒေါင်းထားတဲ့လေးတွေ ရောက်နေပါမယ် .. ဒေါင်းယူထားတာတော့ ဖိုင်တွေအများကြီးပဲဗျ ..
ဒါပေမယ့် တစ်ခုမှ ဖျက်ပစ်လို့မရပါဘူး .. Offline အတွက် အထောက်အပံ့ပေးမယ့် ဖိုင်တွေမို့ပါ
အဲဒီဖိုင်တွေထဲက အပြင်မှာရှိနေတဲ့ စာရွက်ပုံ xml / html ဖိုင်လေးကို Right click နှိပ် Open with ... Mozilla Firefox ( ဒါမှမဟုတ် ကိုယ်သုံးတဲ့ Browser ပေါ့ ) အဲဒီလိုဖွင့်လိုက်တာနဲ့
အင်တာနက်ဖွင့်ပြီး ၀က်ဆိုက်ထဲမှာ ၀င်ရောက်လေ့လာနေသလိုပဲ မြင်တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ
                                               Credit to: အိုင်တီမုဆိုး
 
 

Saturday, April 20, 2013

Windows 8 Lock Screenကို Disable လုပ်ချင်တယ်ဆိုရင်


Windows 8 Lock Screenကို Disable လုပ်ချင်တယ်ဆိုရင်

 
 Windows 8 Built inပါတဲ့ Lock Screenကို အသုံးပြုရတာ မကြိုက်လို့ ဖြုတ်ချင်တယ်ဆိုရင် အသုံးပြုနည်း နှစ်မျိုး ပြောပြချင်ပါတယ်။ ပထမတစ်နည်းကတော့ Local Group Policy Editorထဲက သွားပြင်ရမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ Local Group Policyထဲကို မသွားတော့ Notepadကနေ Registryကို ပြင်ဆင်တဲ့နည်းပဲ ဖြစ်ပါတယ်။ အရင်ဆုံး Local Group Policy Editorထဲကနေ သွားပြင် ကြည့်ရအောင်။

ပထမနည်း
1။ Run Boxမှာ Gpedit.mscလို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။
 
2။ Local Group Policy Editor ကျလာရင် Computer Configurationအောက်က Administrative Tamplateကို သွားပါ။
 
3။ ပြီးရင် Control Panel အောက်က Personalization ထဲကို ဝင်လိုက်ပါ။ ပြီးရင်Do not Display the Lock Screen ဆိုတာကို Double Click နှိပ်ပြီး ပေါ်လာတဲ့ Boxထဲမှာ Enableကို ရွေးပြီး Apply Okကို နှိပ်လိုက်ရင် ရပါပြီ။

နောက်တစ်နည်း
ဒီနည်းကတော့ Notepadနဲ့ Registry File တစ်ခု တည်ဆောက်ပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။
 
1. အရင်ဆုံး Notepadကို ဖွင့်ပါ။ Notepadကို ဖွင့်ဖို့အတွက် Runမှာ Notepadလို့ ရိုက်ရင် ရပါတယ်။
 
2. Notepadကို ဖွင့်ပြီးရင် အောက်ကစာတွေကို ကူးရေးလိုက်ပါ။
Windows Registry Editor Version 5.00
[HKEY_LOCAL_MACHINE\ SOFTWARE\ Policies\ Microsoft\ Windows\ Personalization]
"NoLockScreen"= dword:00000000
 
3. စာတွေ ကူးရေးပြီး File Saveမယ်ဆိုရင် Save Nameကို ကြိုက်ရာပေးပြီး Save Nameရဲ့ နောက်မှာ .reg ထည့်ပေးလိုက်ပါ။
 
(ဥပမာ) Disable Lock Screen.regဆိုပြီး Save လိုက်ပါ။ အားလုံး ပြီးပြီဆိုရင် ရလာတဲ့ Registry Fileကို Run ပေးလိုက်ပါ။ Registry Boxလေး ပေါ်လာရင် Yesကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် Lock Screen ပျောက်သွားပါလိမ့်မယ်။
 
Credit Myanmar ICT Journal

Windows 8 မှာ ပိတ်ထားတဲ့ Administrator Account ပြန်ဖွင့်ချင်ရင်


Windows 8 မှာ ပိတ်ထားတဲ့ Administrator Account ပြန်ဖွင့်ချင်ရင်
 
 

Windows 8 မှာဆိုရင် Default အနေနဲ့ Administrator Account ကို Desable လုပ်ထားပါတယ်။ အဲဒီ Administrator Account Disable လုပ်ထားတဲ့အတွက် အချို့ Program တွေ Software တွေကို Install လုပ်တာတို့ ပြန်ဖြုတ်တာတို့ ပြုလုပ်မယ်ဆိုရင် Error တက်တတ်ပါတယ်။ Administrator Account နဲ့ Log on ဝင်ပြီးမှ Install လုပ်တာတို့ ပြန်ဖြုတ်တာတို့ကို ပြုလုပ်လို့ ရပါတယ်။ အဲဒါကြောင့် Administrator Account ကို Disable ဖြစ်နေလို့ Enable လုပ်ချင်တယ်ဆိုရင် အလွယ်ဆုံး နည်းလမ်းသုံးမျိုး ရှိပါတယ်။ အဲဒီနည်းသုံးမျိုးနဲ့အတူ အလွယ်တစ်ကူ ပြုလုပ်နိုင်ပါတယ်။
1. ပထမတစ်နည်းကတော့ Local Users and Groups ကနေ လုပ်ရမှာ ဖြစ်ပါတယ်။
ပထမဆုံး Local User and Groups ထဲကို သွားဖို့အတွက် My Computer ကို Right Click နှိပ်ပြီး Manages ထဲကိုသွားပါ။ Computer Manages Box ကျလာရင် Local User and Group >> User >> Administrator Account ပေါ်မှာ Right Click နှိပ်ပြီး Properties ထဲကိုသွားပါ။ ပြီးရင် Account is Disable ဆိုတဲ့ Check box က အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ပါ။ ပြီးပြီဆိုရင် Computer ကို Log off လုပ်လိုက်ပါ။ Administrator Account ပါ တွေ့ရပါလိမ့်မယ်။

2. နောက်ထပ်တစ်နည်းကတော့ Command Prompt ကနေ ပြုလုပ်ရမှာပါ။
Administrator Account ကို Command Prompt ကနေ Enable လုပ်ချင်တယ်ဆိုရင် အရင်ဆုံး Windows 8 ရဲ့ Start Screen ပေါ်မှာ Right Click နှိပ်ပြီး All Apps ကိုသွားပါ။ Windows System အောက်က Command Prompt ကို Select ပေးပြီး အောက်ဘား မှာရှိတဲ့ Run as Administrator ကိုနှိပ်ပါ။ Administrator Command Prompt ပေါ်လာရင် Net User Administrator /active:yes ကိုရိုက်ပြီး Enter နှိပ်လိုက်ပါ။
အဲဒါဆိုရင် Administrator Account ကို Enable လုပ်လို့ရပါပြီ Disable ပြန်လုပ်ချင်တယ်ဆိုရင် Net User Administrator /active:no လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် ရပါပြီ။

3. နောက်ဆုံးနည်းကတော့ Local Security Policy ထဲက လုပ်ရမှာ ဖြစ်ပါတယ်။
Local Security Policy ကနေ Administrator Account ကို Enable လုပ်ချင်တယ်ဆိုရင် အရင်ဆုံး Control Panel ထဲကိုသွားပါ။ Control Panel ထဲကိုရောက်ရင် Administrative Tools ထဲက Local Security Policy ထဲကိုဝင်ပါ။ Local Security Policy Windows ကျလာရင် Local Policies အောက်က Security Options ကို ဖွင့်ပါ။ ပထမဆုံးတွေ့ရတဲ့ Accounts: Administrator Account Status ကို Double Click နှိပ်ပြီး Enable လုပ်ပေးလိုက်ရင် ရပါပြီ။
 
Ref: Myanmar ICT Journal

Friday, April 19, 2013

ကွန်ပျူတာထဲမှာရှိတဲ့ Registry ဖိုင်အကြောင်းနဲ Registry Life 1.60

       ကွန်ပျူတာထဲမှာရှိတဲ့ Registry ဖိုင်များမှာ သင့် ဟာ့ဝဲ နဲ့ ဆော့ဝဲ ကို မှန်မှန်ကန်ကန် ဘယ်လို 
လည်ပတ်ရမယ်ဆိုတာ ပြောဖို့ ညွှန်းကြားချက်များနဲ့ Setting များ ပါဝင်ပါတယ်။ Application တစ်ခုကိုလုပ်ဆောင်တဲ့ အခါ ကွန်ပျူတာက မှန်ကန်တဲ့ Registry Key များကို ရှာဖွေဖို့ ရှေ့ဆက်ပါတယ်။ အချိန်ကြာလာတဲ့ အမျှ Registry မှာ Error များ ပိုမို ပါဝင်လာပါတယ်။ ဒါမှမဟုတ် စစ်စတမ်က 
အဲဒါတွေကို 


အကြိမ်ကြိမ် ရွေ့ပြောင်းပြီးတဲ့ အခါတွင် Registry Key များက ရှုပ်ပွလာပါတယ်။

စစ်စတမ်ကနေ ပျောက်ဆုံးနေတဲ့ ဒါမှမဟုတ် ရှုပ်ထွေးနေတဲ့ အပိုင်းများကို တွေ့တဲ့အခါ 

ကွန်ပျူတာက ကြောက်စရာကောင်းလောက်အောင် နှေးသွားပါတယ်။ ဒါမှမဟုတ် 

Hang တောင် ဖြစ်သွားနိုင်ပါတယ်။
Registry Cleaner တစ်ခုကို အင်တာနက်ကနေ ကျွန်တော် ဒေါင်းလုပ် လုပ်ခဲ့ပါတယ်။ 

အဲဒါက ကျွန်တော့်ကွန်ပျူတာရဲ့ Registry ထဲမှာရှိတဲ့ Errors ပေါင်းရာချီကို မဖော်ထုတ်ခင်မှာ ကျွန်တော့် 

ကွန်ပျူတာကို Scan ဖတ်ပါတယ်။ နောက် ဆယ့်မိနှစ်လောက် ကြာတော့ ကျွန်တော့် ကွန်ပျူတာကို

 ရှင်းလင်းပေးလိုက်ပြီး သူရဲ့ လုပ်ဆောင်မူနူန်းက သိသိသာသာကို တိုးလာပါတယ်။

လိုချင်ရင် အောက်က link တွေကနေ Download လုပ်ယူနိုင်ပါတယ်ခင်မျာ......



Download =>solifiles (or) dropbox (or) Uploadingit  
 



Friday, April 5, 2013

မည်သည့် Windows Login password ကိုမဆိုကျော်ဖြတ်နည်း


အခု ကျွှန်တော်တို့ပြောပြမှာက ကြိုက်တဲ့ Windows OS ရဲ့ login password ကိုမဆိုကျော်ဖြတ်နည်း အ ကြောင်းပြောပြမှာဖြစ်ပါတယ်။ ကျော်ဖြတ်နည်းဆိုတော့ မူလရှိနေပြီသား password ကို ချိုးလည်းမချိုးဖြတ် ဘူး ၊ပြောင်းလည်းမပြောင်းဘူး နဂိုရှိနေတဲ့ အတိုင်းပဲထားမှာပါ။ကဲစကြရအောင် !!
ိ



ဒီနည်းကို သုံးပြီး အောက်မှာပြထားတဲ့ OS တွေရဲ့ Login password တွေကို ကျော်ဖြတ်  နိုင်ပါတယ်။

Microsoft Windows XP Home Edition (Service Pack 2+)
Microsoft Windows Vista Home Basic (32/64 bit)
Microsoft Windows Vista Home Premium (32/64 bit)
Microsoft Windows Vista Business (32/64 bit)
Microsoft Windows Vista Enterprise (32/64 bit)
Microsoft Windows 7 Home Premium (32/64 Bit)
Microsoft Windows 7 Professional (32/64 Bit)
Microsoft Windows 7 Ultimate (32/64 Bit)
Microsoft Windows Server 2003 Standard (32/64bit)
Microsoft Windows Server 2003 Datacenter (32/64bit)
Microsoft Windows Server 2003 Enterprise (32/64bit)
Microsoft Windows Server 2003 Web Edition (32/64bit)
Microsoft Windows Server 2008 Standard (32/64bit)
Microsoft Windows Server 2008 Datacenter (32/64bit)
Microsoft Windows Server 2008 Enterprise (32/64bit)


Step #1 kon-boot 1.1 ကို  Download လုပ်ပါ။ ဒီမှာ

Step #2 သင့်ရဲ့ USB stick ကို Computer USB port မှာ တက်လိုက်ပါ။

Step #3 ပြီးရင် FAT 32 file system နှင့် Format လုပ်ပါ။

Step #4 Download လုပ်ထားတဲ့ file ကိုဖြည်ပါ။ပြီးရင် "KonBoot V1.1 32 & 64 bit" ဆိုတဲ့ folder ကိုဖွင့်ပါ။

Step #5 "KonBootInstall.exe" ကို double click ပါ။

step #6 command prompt တစ်ခုတတ်လာ ပါလိမ့်မယ်။၎င်း command prompt ထဲမှာ သင့်ရဲ့ USB drive letter ကို မေးနေလိမ့်မယ်။ အပေါ်မှာ ပြထားတဲ့ screenshot ထဲမှာ ကျွှန်တော်ရဲ့ USB drive letter ဟာ H: ဖြစ်ပါတယ်။ USB drive letter ထည့်ပြီးသွားရင် "Enter" ကိုနှိပ်ပါ။USB ထဲကို install လုပ်လို့ပြီးသွားပါပြီ။

Step #7 ကဲစမ်းကြည့်ရအောင် PC ကို Restart လုပ်ပါ။(password မရှိသူများ passsword ပေးပြီးစမ်းကြည့်နိုင်ပါတယ်)။ F2 နှိပ် BIOS ထဲဝင်ပြီး First Boot Device မှာ USB ကိုထား ဒါမှမဟုတ် F12 ကိုနှိပ် USB ကိုရွေးပြီး USB ကနေ BOOT တတ်ပါ။

အားလုံးအဆင်ပြေကြပါစေ။







USB Drive တွေကို Software မသုံးပဲ လုံခြုံစွာကာကွယ်နည်း


ဟုတ်ကဲ့၊ ကျွန်တော်တို့ဒီ Post မှာ USB Drive တွေကို Software မသုံးပဲ လုံခြုံစွာကာကွယ်နည်းအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။
Software တွေကိုမသုံးဘူးဆိုရင် ဘယ်ဟာတွေကို သုံးမှာလည်းလို့
မေးစရာရှိပါတယ်။ဟုတ်ကဲ့ ကျွန်တော်တို့ Windows မှာပါတဲ့ BitLocker ကိုအသုံးပြုပြီး storage medium တွေကို Password ပေး
encrypt လုပ်နိုင်ပါတယ်။


Removable Drive တစ်ခုအတွက် Bitlocker ဖွင့်ခြင်း

ပထမဦးဆုံး သင့်ရဲ့ USB Drive ကို PC ရဲ့ USB Port မှာတပ်ပါ။ပြီးရင် Computer ကို Double Click
လုပ်ပြီး သင့်ရဲ့ USB Drive ပေါ်မှာ Right Click လုပ်ပါ။ပေါ်လာတဲ့ context menu ထဲက Turn on BitLocker ကိုရွေးပေးပါ။

Wizard တစ်ခုပေါ်လာပြီ ဆိုရင် “Use a password to unlock the drive”  ကို အမှန်ခြစ်ပေးပါ။

အမှန်ခြစ်ပြီးတာ နဲ့ သင်ကြိုက်တဲ့ Password ကို ရိုက်ထည့်ပေးပါ။(အပေါ် Box မှရိုက်ထားတဲ့ Password ကို အောက်က Reenter ဆိုတဲ့ Box မှာလည်းထည့်ပေးရမှာပါ။)

ဒီတစ်ခါ သင့်ကို ရွေးချယ်ဖို့ သုံးခုပေးထားပါတယ်။သင့်ရဲ့ Password ကို Microsoft Account မှာ Save လုပ်မှာလာ။ဒါမှမဟုတ် သင့်ရဲ့ Password ကို File တစ်ခုအနေနဲ့ သိမ်းထားမှာလာ။နောက်ဆုံးတစ်ခုက
သင့်ရဲ့ Password ကို Print ပါထုတ်ပေးနိုင်တယ်ဆိုပြီး အားလုံးပေါင်းသုံးခုရွေးချယ်ဖို့ပေးထားပါတယ်။
သင်ကြိုက်ရာကိုရွေးလိုက်ပါ။

ဒီနေရာမှာ သင့်ဟာ BitLocker ကို Drive အသစ် (သို့) PC အသစ်မှာ ပြုလုပ်နေတယ်ဆိုရင် Encrypt 
Used disk space only ကိုရွေးပေးပါ။ မဟုတ်ရင် Encrypt entire drive ကိုရွေးပေးပါ။

နောက်ဆုံးအနေနဲ့ Start encrypting ကိုနှိပ်ပေးလိုက်ပါ။သင့်ရဲ့ Drive ကို Encrypt လုပ်ပေးပါလိမ့်မယ်။

ကဲ Password လည်းပေးပြီးသွားပြီ Encrypt လည်းလုပ်ပြီးသွားပြီဆိုရင် Drive ကို Unlock လုပ်ကြည့်ရအောင်။

Drive ကို Unlock လုပ်ခြင်း

သင့်ရဲ့ Encrypt လုပ်ထားတဲ့ Drive ကို PC မှာတပ်လိုက် ရင် BitLocker-protected ဆိုပြီး Message
တစ်ခုတွေ့ရပါလိမ့်မယ်။အဲ့ဒီ့ Message ကို Click လုက်ပါ။(Windows 8 မှာ)

သင့်ကို Password မေးပါလိမ့်မယ်။အဲ့ဒီ မှာသင်ပေးထားတဲ့ Password ကို ရိုက်ထည့်ပြီး Unlock ဆိုတဲ့
Button ကိုနှိပ်လိုက်ရင် သင့်ရဲ့ USB Drive Unlock ဖြစ်သွားပါပြီ။


ကျွန်တော်တို့ပြောချင်တဲ့ USB Drive တွေကို Software မသုံးပဲ လုံခြုံစွာကာကွယ်နည်း ဆိုတာဒါပါပဲ။
ဒီနည်းကို Windows 8 နဲ့လုပ်ပြထားပေမယ့် Windows 7 မှာလည်း လုပ်လို့ရပါတယ်။လုပ်ပုံလုပ်နည်း
တွေက ကျွန်တော်တို့အခု လုပ်ပြထားတဲ့နည်းတွေ အဆင့်တွေနဲ့ မကွာသလောက်ပါပဲ။(တစ်ချို့ Windows Edition တွေမှာ BitLocker ကိုအသုံးပြုလို့မရပါဘူး)


အားလုံးအဆင်ပြေကြပါစေ။


Thursday, April 4, 2013

Recycler Virus ကိုဖြေရှင်းနည်း




Recycler Virus လူတိုင်းကြုံဖူးကြမယ်လို့ထင်ပါတယ်။သူ့ကိုဘယ်လိုပဲ ဖျက်ဖျက် Access Denied ဆိုပြီးပေါ်လာပါတယ်။တော်တော်လည်း စိတ်ညစ်ဖို့ ကာင်းပါတယ်။ Recycler virus က ဘာလုပ်လည်းဆိုရင် ကိုယ်က File တစ်ခုခုကို Delete Key နဲ့ပဲ ဖြတ်လိုက်တဲဆိုရင် Recycle bin ထဲရောက်ရမယ့် အစား Recycler Folder ထဲကို ရောက်သွားပါတယ်။နေအုံးနေအုံး Recycle bin ထဲမှာဘာမှ မရှိမှ အဲ့လိုဖြစ် တာ။ကဲ ဘာကြောင့်ဘယ်လိုပဲ ဖြစ်ဖြစ် Recycler Virus ကို ထက်ပြီးမမြင်ချင်ရင် တော့ ဒီနည်းကို သုံးပြီးဖြေရှင်းနိုင်ပါလိမ့်မယ်။


*Recycler Virus ကိုဖြေရှင်းနည်း*

Recycler Virus က Read Only Folder တစ်ခုဖြစ်ပါတယ်။အဲ့ဒါကြောင့် သူကိုဖျက်လိုက်တိုင်း Error ပြတာဖြစ်ပါတယ်။ကဲ Control Panel ကိုသွားပါ။Folder Option ကိုရွေးပါ။ပြီးရင် View Tab မှာ Hide Protected operating System Files ကိုအမှန်ခြစ်ဖြုတ်လိုက်ပါ။

Recycler Folder ကို Right click >> Properties နှိပ်ပြီးသွားရင် Read Only လေးထောင့်အတုံးလေးကို
ဖြုတ်လိုက်ပါ။ကဲ Recycler Folder ကို Delete လုပ်လို့ရသွားပါပြီ။

အားလုံးအဆင်ပြေကြပါစေ။




Pen Drive (သို့) Memory Stick ကို အတု၊အစစ် စစ်ဆေးနည်း



မင်္ဂလာပါ။အခုတလော Pen Drive ပဲဖြစ်ဖြစ် Memory Card ပဲဖြစ်ဖြစ် ၀ယ်တဲ့ အခါမှာ သိတိထားသင့်ပါတယ်။ဈေးနည်းတယ်
ဆိုပြီး မ၀ယ်သင့်ပါဘူး။အခုအချိန်မှာ အတုတွေတော်တော်များ
ဈေးကွက်ထဲကိုရောက်နေပါတယ်။တကယ်လို့သင်ဟာ သင့်ရဲ့ Pen Drive  (သို့) Memory Card ကို အတုလား အစစ်လားသိချင်ရင် အခုကျွန်တော်တို့ ပြောပြမယ့်နည်းနဲ့စမ်းသပ်
နိုင်ပါတယ်။ကဲကြည့်ရအောင်။







Pen Drive (သို့) Memory Stick ကို အတု၊အစစ် စစ်ဆေးနည်း


  • ပထမဦးဆုံး h2testw ကို Download လုပ်ပါ။

  • Zip file ဖြစ်တဲ့အတွက်ကြောင့် Extract လုပ်ပေးပါ။
  • Extract လုပ်ပြီးသွားရင် exe file တစ်ခုတွေ့ပါလိမ့်မယ် အဲ့ဒီ exe File ကို Run ပေးပါ။
  • Program ကို Run လိုက်ပြီ ဆိုရင် ညာဘက်ထိပ်မှာရှိတဲ့ English ကိုနှိပ်ပေးပါ။
  • Target ဆိုတာကိုရွေးပြီး သင့်ရဲ့ Pen Drive (သို့) Memory Card ကိုရွေးပေးပါ။(Format လုပ်ထားရပါမယ်)
  •  Write+Verify ကိုနှိပ်ပြီး စစ်ဆေးနိုင်ပါပြီ။Pen Drive ရဲ့ Size ပေါ်မှာ မှုတည်ပြီး အချိန်ကြာပါလိမ့်မယ်။
  • စစ်ဆေးလို့ပြီးသွားတဲ့ အချိန်မှာ Completed without any errors လို့ပြရင် သင့်ရဲ့ Pen Drive ဟာအစစ်ဖြစ်တယ်လို ယူဆနိုင်ပါတယ်။
  • ဒါမှာမဟုတ် Error တစ်ခုခုပြနေတယ်ဆိုရင် သင့်ရဲ့ Pen Drive ဟာ အတု ဖြစ်ပါတယ်။

Pen Drive တွေ Memory Card တွေကို အတုအစစ်ခွဲနည်း ဆိုတာဒါပါပဲ။ကျွန်တော်တို့ရေးတဲ့ Post တွေဟာ ကျွန်တော့်တို့ ညီအကိုမောင်နှမများအတွက် နည်းနည်းလေးမျှ အသုံးဝင်တယ်ဆိုရင်
ကျေးဇူးပြုပြီး ညာဘက်မှာ ရှိတဲ့ Like Box မှာ Like လုပ်ပေးနိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

Tuesday, April 2, 2013

Windows 8 တင်နည်း

 
မင်္ဂလာပါ။ဒီတစ်ခါ ကျွန်တော်တို့ Windows 8 ကို Install လုပ်နည်း ကိုပုံနဲ့ တကွရှင်းပြမှာ ဖြစ်
ပါတယ်။တကယ်လို့ သင်ဟာ Windows 8 သွင်းမယ်လို့ ဆုံးဖြတ်လိုက်ပြီး ဆိုရင် ဒီ Post ကသင့်အတွက် လုံးဝ အသုံးဝင်မယ်လို့ အာမခံပါတယ်။ကဲ  Windows 8 ကိုဘယ်လို တင်ရလဲဆိုတာကို ကြည့်ရအောင်။


သင့်ရဲ့ File များကို Backup အရင်လုပ်ပါ။

ဟုတ်ကဲ့ Windows 8 ကိုမတင်ခင် သင့်ရဲ့ အရေးကြီးတဲ့ File များကို Backup အရင်လုပ်ထားသင့်ပါတယ်။
ဥပမာ-သင့် Computer ရဲ့ Partition တစ်ခုခုထဲ ပဲဖြစ်ဖြစ် ၊ External Hard Disk ထဲပဲဖြစ်ဖြစ် ဒါမှမဟုတ်
DVD အခွေထဲတွေမှာ သင့်ရဲ့ အရေးကြီး တဲ့ Data တွေကို Backup လုပ်ထားသင့်ပါတယ်။

ကဲ Windows 8 ကို တင်ရအောင်။

သင့်ရဲ့ PC ကို Restart ချပါ။ စက်ပြန်တတ်တတ်ချင်း F2 (သို့) Delete ကိုနှိပ် ပြီးရင် First Boot Device မှာ သင့်ရဲ့ DVD Drive ကိုထားပါ။ဒါမှမဟုတ် F12 ကိုနှိပ်ပြီး DVD Drive ကိုရွေးပါ။ပြီးရင်
ပုံ  မှာပြထားတဲ့ ပေါ်လာပြီး အဲ့ဒီနေရာမှာ Second အနည်းငယ်ကြပါလိမ့်မယ်။



မိနစ် အနည်းငယ်ကြာတဲအခါမှာ ပုံ မှာပြထားတဲ့ အတိုင်းပေါ်လာပြီး ပေါ်လာတဲ့ အထဲမှာ ဘာမှာ
မပြောင်းလဲ ပဲ Next ကိုနှိပ်ပါ။


Next Button ကိုနှိပ်ပြီး သွားရင် ပုံ မှာပြထားတဲ့ အတိုင်း Windows Setup Screen ပေါ်လာပါလိမ့်မယ်။
Install Now ကိုနှိပ်ပါ။


Install Now Button ကိုနှိပ်ပြီးသွားရင် ပုံ  မှာပြထားတဲ့အတိုင်းမြင်ရပါလိမ့်မယ်။အဲ့ဒီ မှာ Product Key
ကိုထည့်ပြီး Next ကိုနှိပ်ပါ။



ပြီးရင် Microsoft ရဲ့ Software License Agreement Windows ကိုမြင်ရပါလိမ့်မယ်။လေးထောင့် အကွက်မှာ အမှန်ခြစ်ပြီး Next ကိုနှိပ်ပါ။


Next ကိုနှိပ်ပြီး သွားရင် ရွေးချယ်စရာ နှစ်ခုကို တွေ့ရပါလိမ့်မယ်။အခု ကျွန်တော်တို့က Windows ကိုလုံးဝ
အသစ်သွင်းမှာ ဆိုတော့ Custom ကိုရွေးရမှာဖြစ်ပါတယ်။(တကယ်လို့ သင်ဟာ အရင် ရှိပြီးသား Windows ပေါ်မှာ ပဲ Windows 8 ကို Install လုပ်မယ်ဆိုရင် Upgrade ကိုရွေးပါ။)


ဘယ် Partition မှာ သွင်းမှာ လဲ ဆိုပြီး ပုံ  မှာပြထားတဲ့ အတိုင်းတွေ့ရပြီ ဆိုရင် သင် Install လုပ်ချင်တဲ့
Partition ကို Click တစ်ချက်နှိပ် ပြီးရင် Drive Options (Advanced) ဆိုတဲ့ စာသားကို Click တစ်ချက်နှိပ်
Format ဆိုပြီးတွေ့ရလိမ့်မယ်။အဲ့ဒီ Format ကိုနှိပ်ပြီး Partition ကို Format လုပ်မှာဖြစ်ပါတယ်။Format ကိုနှိပ်လိုက်ရင် Windows တစ်ခုပေါ်လာပြီး Format တကယ်လုပ်မှာ လို့မေးလိမ့်မယ်။
(အရေးအကြီးဆုံး သင် Format လုပ်တဲ့အခါမှာ Partition တွေမမှား ပါစေနဲ့။)


Partition ကို Format လုပ်ပြီးသွားရင် Next ကိုနှိပ်ပါ။ ပုံ  မှာပြထားတဲ့ Windows file တွေကို Hard Drive မှာ Copy လုပ်ပြီး Windows 8 ကိုသင့်ရဲ့ PC မှာတင်နေပါပြီ။နည်းနည်းတော့ ကြာလိမ့်မယ်။


ပြီးရင် Restart ကြသွားလိမ့်မယ်။



Restart ပြန်တတ်လာ တဲ့အခါ ပုံ  မှာပြထားတဲ့ အတိုင်းမြင်ရပြီး။Restart နောက်တစ်ခါ ကြသွားလိမ့်မယ်။


Restart ကနေပြန်တတ်လာတဲ့ အခါ အောက်ပုံတွေမှာ ပြထားတဲ့ အတိုင်း အရောင်ရွေး ၊ နာမည် ပေးပြီး Next ကိုနှိပ်ပါ။နောက်ခု Setting ဆိုပြီးပေါ်လာလိမ့်မယ်။ Use Express Setting ကိုနှိပ်ပါ။


နောက်ပြီး Sign in ဆိုပြီးပေါ်လာလိမ့်မယ်။သင်ရဲ့ email address ကိုထည့်ပါ။(ကြိုက်တဲ့ Email Address)


ကဲ အောက်မှာ ပြထားတဲ့ ပုံတွေ ထဲကအတိုင်းပေါ်လာရင် သင့်ရဲ့ PC မှာ Windows 8 ကိုသွင်းလို့ပြီးသွားပါပြီ။





အားလုံးအဆင်ပြေကြပါစေ။





Window 8 Install ပြုလုပ်နည်းကို ဆက်လေ့လာချင်သေးရင် ဒီမှာ  (or) ဒီမှာ  နှိပ်ပြီး လေ့လာနိုင်ပါသေးတယ်....။