• Enter Slide 1 Title

  • Enter Slide 2 Title

  • Enter Slide 3 Title

  • Enter Slide 4 Title

  • Enter Slide 5 Title

  • Enter Slide 6 Title

  • Enter Slide 7 Title

  • Enter Slide 8 Title

  • Enter Slide 9 Title

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Sunday, May 12, 2013

Essential Software Ebook မြန်မာလို

 
Computer တစ်လုံးတွင် မရှိမဖြစ် Software များ ကိုဂျူလှိုင်စိုး ရေးထားတဲ့ စာအုပ်လေးပါ။ ကွန်ပျူတာအကြောင်းစတင်လေ့လာနေသူများအတွက်အဖိုးတန်စာအုပ်ကောင်းလေးလဲဖြစ်ပါတယ်..လေ့လာလိုသူများ Download ရယူနိုင်ကြပါပြီခင်မျာ


Download>>>solidfiles (or) dropbox (or) zippyshare (or) uploadingit





Thursday, April 25, 2013

အင်တာနက်ပေါ်ကနေ မြဝတီ ရုပ်မြင်သံကြား အစီအစဉ်တွေကြည့်ချင်ရင်....



မြဝတီပရိတ်သတ်များ မြဝတီမှတိုက်ရိုက် (Live) ပြသနေသော အစီအစဉ်များကို Internet explorer မှ လွဲပြီး Google Chrome, Mozilla Firefox,..စသည့် Browser များတွင် အဆင်ပြေချော့မွေ့ စွာကြည့်ရှုနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ Browser များတွင် Plugin လိုအပ်နေပါက VLC Player ကို Install ပြုလုပ်ထားရမည် ဖြစ်ပါသည်။

လိုအပ်လျှင်
ဒီနေရာကတဆင့်
VLC Player ကို ဒေါင်းယူနိုင်ပါတယ်..။ 
 
မြဝတီ ရုပ်မြင်သံကြား ကြည့်မယ်ဆိုရင် ---->  ဒီနေရာကိုနှိပ်ပါ.....။  
 
 

Saturday, April 20, 2013

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀က်ဆိုက်များ

 

ဝန်ကြီးဌာန ၀ဘ်ဆိုက်များ

Friday, April 5, 2013

Google.com.mm ကို မြန်မာဘာသာဖော်ပြချက်များနှင့် အသုံးပြုနိုင်ပြီ



Google.com.mm ကို မြန်မာဘာသာဖော်ပြချက်များနှင့် အသုံးပြုနိုင်ပြီ
အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ Google သည် www.google.com.mm ကို မြန်မာဘာသာဖော်ပြချက်များဖြင့် တရားဝင် ပြောင်းလဲ လွှင့်တင်လိုက်ပြီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီ ဖြစ်သည်။
www.google.com.mm ကို မတ်လ ၂၁ ရက်တွင် စတင်၍ အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သော်လည်း မြန်မာဘာသာဖော်ပြချက်များဖြင့် မဟုတ်ချေ။ ယခု ဧပြီလ ၄ ရက်တွင်မူ မြန်မာဘာသာဖော်ပြချက်များ ပါဝင်သော www.google.com.mm ကို Google က တရားဝင် ပြောင်းလဲလွှင့်တင်လိုက်ခြင်း ဖြစ်သည်။ www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် ယူနီကုဒ်ဖောင့်ကို ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။ (ဒီနေရာမှာ  Myanmar 3 font ကိုဒေါင်းယူနိုင်ပါတယ်)
ပြီးခဲသည့် မတ်လ ၂၂ ရက်တွင် Google ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မြန်မာနိုင်ငံမှ ဝင်ရောက်အသုံးပြုလာနိုင်ခဲ့သည်။
Via@7daysnews
Ref : https://www.facebook.com/smartprojournal

Tuesday, April 2, 2013

Internet Error Code များအကြောင်း






404 Bad Request
Internet မှာ လိုချင်တဲ့ webpage တစ်ခုကိုရှာဖွေတဲ့အခါမှာ server ဟာရှာမတွေ့တာ၊ဒါမှမဟုတ် အသုံးပြုခွင့်မပြုတာကြောင့် ဖြစ်ရတဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် စကားလုံးရိုက်တဲ့အခါမှာ စာလုံးအကြီး၊အသေး(e.g.www.YahOo.com) ဆိုသလိုမှားရိုက်မိတာကြောင့်လည်း တွေ့ရတတ်တဲ့အမှားမျိုးလည်း ဖြစ်နိုင်ပါတယ်။

404 – Not Found
လိုချင်တဲ့စာမျက်နှာဟာ တစ်ခါတစ်လေမှာ ဖယ်ရှားခံထားရတတာမျိုး ဖြစ်နိုင်ပါတယ်။တချို့ website တွေဟာ သတင်းတစ်ပုဒ်ကို ခဏတာဖော်ပြပေးပြီး ချက်ချင်း ဖယ်ရှားပစ်လိုက်တာမျိုးကြောင့်ဖြစ်နိုင်သလို Password ဒါမှမဟုတ် တားဆီးပိတ်ပင်ခံရတဲ့ လိပ်စာဖြစ်တာကြောင့်လည်း မတွေ့ရတဲ့ အခါမှာဖြစ်ပေါ်တတ်သော Error အမှားဖြစ်ပါတယ်။

403 – For Hidden
အဓိကအားဖြင့် Password လိုအပ်တာကြောင့် ဖြစ်တတ်ပြီး တစ်ခါတစ်လေမှာ အဲဒီ website ဟာ Black list မှာပါဝင်နေတဲ့ အတွက်ကြောင့်လည်း ISP ကခွင့်မပြုတာမျိုးဆိုရင်လဲ “403-For Hidden” ဆိုပြီး အဖြူ၊ အမည်း အရောင်တွေနဲ့ webpage ရဲ့ဘယ်ဘက်ထောင့်မှာတွေ့ရပါလိမ့်မည်။

401 – Unauthorized
တစ်ခါတစ်လေမှာ Webpage ရဲ့ရှုပ်ထွေးလှတဲ့ လိပ်စာတွေကို အတိအကျ မှတ်မိပေမဲ့ page တစ်ချို့ကိုတော့ ခွင့်မပြုဘဲရှိတတ်ပါတယ်။ (e.g. www.abc.com) ကိုတော့ကြည့်ခွင့်ပေးပေမယ့် နောက်ဆက်တွဲ www.abc.com/member _login.php ဆိုတာမျိုးကိုတော့ ကြည့်ခွင့်ရရှိဖို့ လုံလောက်တဲ့ password and username ရှိရပါမယ်။

503 Service Unavailable
Unavailable ဆိုတာဟာ ခံနိုင်ရည်ထက် ကျော်လွန်ပြီး ခိုင်းစေတာမျိုးဖြစ်ပါတယ်။ (e.g. www.yahoo.com website ကို Spam တွေနဲ့ပိတ်ဆို့နေခဲ့တဲ့အချိန်မှာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ တခြား yahoo သုံးစွဲသူတွေဟာ yahoo ကိုဝိုင်းဝန်း access လုပ်ကြတဲ့အတွက် server ဟာရုတ်တရက်မှာ အလုပ်များပြီး down သွားခဲ့ရပါတယ်။ အဲဒီလို အဖြစ်အပျက်မျိုးကို Google လည်းတစ်ခါတစ်လေမှာဖြစ်တတ်လေ့ရှိပါတယ်။

Proxy server is refusing
ကိုယ့်ရဲ့ ကွန်ပြူတာကို internet ချိတ်ဆက်ပေးတဲ့ modem နဲ့သွယ်တန်းထားတဲ့ server ကွန်ပြူတာဆိုတာရှိပါတယ်။ (Home User တွေ အတွက်ကတော့ ကိုယ်ကိုယ့်တိုင်ရဲ့ PC ဟာ server ဖြစ်နိုင်ပါတယ်။) အဲဒီ server ကွန်ပြူတာကနေ ပြန်လည်ပြီး network ခွဲဝေပေးတဲ့အခါမှာ serverမှာ ip address ထည့်သွင်းတာမှားယွင်းနေခဲ့ရင် “Proxy server is refusing” ဆိုပြီး ပေါ်နေတတ်ပါတယ်။ (e.g. proxy IP ဟာ “cache_dsl.bagan.net.mm” ဒါမှမဟုတ် အဲဒီလိုမျိုး ခပ်ဆင်ဆင် လိပ်စာကြောင့်လည်းဖြစ်ပါလိမ့်မည်။)

ဗဟုသုတ အဖြစ်ပါ အဆင်ပြေကြပါစေဗျာ..
Credit to: http://sarmyatnhar.blogspot.com/

Friday, March 29, 2013

ကွန်ပြူတာ အသုံးပြုသူ အမျိုးအစား စာရင်း

 





မူလပိုစ့်ရေးသူကတော့စေတန်ဂေါ့ ဖြစ်ပါတယ် တော်တော်ကို ဗဟုသုတရမိလို့ ပြန်လည်မျှဝေပေးလိုက်ပါသည် ။ ကျွန်တော့် blog မိတ်ဆွေတွေရော ဘယ်အဆင့်မှာပါလဲ ဆိုတာစမ်းစစ်ကြည့်ကြပါဦး၊ ယခုအချိန်မှာ လူတိုင်းဟာ Computer ကိုအသုံးပြုနေကြပြီ၊ တချို့ဆို တစ်နေ့ကို တခါလောက် အွန်လိုင်း မဝင်ရရင် မနေနိုင်လောက်အောင်ပါပဲ  အင်တာနက်မသုံးပဲနဲ့ Computer ကြီးပဲ သီးသန့် သုံးနေတဲ့လူတွေလည်းရှိပါတယ်။ ဘာကြောင့် လူတွေ Computer ကိုနေ့စဉ်သုံးနေရတာလဲ။ မရှိလို့ မသုံးတဲ့လူတွေရှိသလို။ ရှိရဲ့နဲ့မသုံးတဲ့လူတွေလည်း ရှိကြတယ်။

ဘာကြောင့်သူတို့တွေကကောမသုံးကြတာလဲ။  ကျွန်တော် သိသလောက် ရေးကြည့်မယ်လေ။

ပုံမှန်အားဖြင့် Computer အသုံးပြုသူ ၃ မျိုး ၃ စား ခွဲနိုင်ပါတယ်။
1. End user အဆင့်
2. Advanced user အဆင့်
3. Developer or creator အဆင့်


End User အဆင့်

ပုံမှန် အသုံးပြုသူတွေပေါ့။ စာစီစာရိုက်လုပ်တယ်။ သီချင်းနားထောင်တယ်။ ရုပ်ရှင်ကြည့်တယ်။Game ဆော့ကြတယ်။ အင်တာနက်သုံး။ mail စစ်။ computer ကို သုံးတတ်ရုံပဲလေ။ သူတို့အတွက် အသုံးဝင်တဲ့အရာတွေကို ပဲအသုံးပြုကြတယ်။ သူတို့အနေနဲ့ကတော့ Computer ကဘဝမှာ ဖျော်ဖြေဖို့အတွက် လုပ်ငန်းအတွက် အပျင်းပြေဖို့အတွက် အသုံးပြုကြတယ်။ တချို့တွေဆို software တောင် မသွင်းတတ်ကြဘူး။ သူတို့အနေနဲ့ကတော့ ၁ ရက်လောက် computer မသုံးရလည်း ဘာမှဖြစ်မသွားဘူး။ ဒါပေမယ့် ၂ ရက်လောက် မသုံးရရင်တော့ မနေနိုင်တော့ဘူးလေ။ အလုပ်တွေမပြီးမှာ computer သုံးနေကျအချိန် မသုံးရရင် ပျင်းနေတတ်ရော။ online ကိုတော့ အပျင်းပြေဖို့ social အတွက် မသိတာတွေ ရှာဖို့အတွက် အသုံးပြုကြတယ်လေ။

Advanced User မရောက်ခင် အဆင့်

သူကတော့ဟိုစပ်စပ်ဒီစပ်စပ်ပဲ။ သူများတွေထက်ပိုသိချင်တယ်။ အများရှေ့မှာနည်းနည်းလေး ပညာပြတတ်ကြတယ်။ကိုယ်ဘာတွေလုပ်တတ်တယ်ဆိုပြီးတော့ပေါ့။ အဓိက computer မှာ ဘာတွေလုပ်လို့ရလဲ။ နောက်ပြီး ပျက်ရင် ဘယ်လိုပြင်ရမလဲ။ ဟိုကလိ ဒီကလိ လုပ်တတ်ကြတယ်။ အဲဒီ အဆင့် user တွေ လက်ထဲမှာ computer က အပျက်များတယ်။ သူတို့ကတော့ မသုံးရင် မနေနိုင်ဘူး။ အမြဲတန်း ကလိနေရမှ ကျေနပ်နေတာ။ online လဲ အမြဲလိုလိုသုံးတတ်ကြတယ်။ တွေ့သမျှ download ချ။ ပြီးရင် စမ်းကြည့်။ စတာတွေ လုပ်တတ်ကြတယ်။ online ကို အပျော်အနေနဲ့ကော ပညာအနေနဲ့ကော အသုံးချတယ်။

Advanced User အဆင့်

သေသေချာချာသိသွားပြီ။ လေ့လာစရာတွေတော့ ရှိနေဆဲပဲ။ ဒါကြောင့် အင်တာနက် ပုံမှန်သုံးဖြစ်တယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်အတွက် computer ကို အသုံးချတယ်။ computer က ဖော်ဖြေမှုဆိုတာထက် ကိုယ့်ဝါသနာဖြစ်သွားပြီ။ကိုယ့်ဝါသနာတွေကို computer နဲ့ ပေါင်းစပ်အသုံးချတယ်။ ပြသနာပေါင်းစုံလည်း တွေ့ကြုံဖြေရှင်းပြီးသွားပြီ။ အမြဲတန်းလိုလို အင်တာနက် သုံးဖြစ်တယ်။ ဟိုပြင်ဒီပြင် အမြဲလုပ်တတ်တယ်။
ကိုယ့် စက်ကို တတ်နိုင်ရင် အမြဲ Upgrade လုပ်တတ်ကြတယ်။ online ကို အကျိုးရှိစွာ အသုံးချတယ်။ ပညာတွေ မျှဝေတယ်။ မသိတာတွေ မေးမြန်းတယ်။

Developer or creator အဆင့်

သူကတော့ ဝါသနာပါရာလမ်းကို လျှောက်လှမ်းနေတဲ့သူတွေ အလုပ်အတွက် အသုံးပြုနေတဲ့လူတွေ သုံးကြတယ်။ နေ့စဉ်သုံးဖြစ်ကြတယ်။ သူတို့အနေနဲ့ online ကောတခြားနေရာတွေကနေ အမြဲ ပညာယူကြတယ်။ online ကို အကျိုးရှိစွာ အသုံးချတယ်။ သူတို့အတွက် အချိန်က သိပ်မရှိဘူးလေ။ တချို့တွေကလည်း ပညာတွေ မျှဝေကြတယ်။ မသိတာတွေ ကိုယ်တိုင်ရှာဖွေတယ်။ မတွေ့ရင်လည်း မေးဖို့ ဝန်မလေးကြဘူး။

ကဲမိတ်ဆွေတို့ ကောဘယ်အဆင့်မှာပါလည်းဗျာ...။

Credit to:  http://sarmyatnhar.blogspot.com