Showing posts with label Facebook. Show all posts
Showing posts with label Facebook. Show all posts

Thursday, April 25, 2013

Facebook Page မှာ အလိုအလျောက် ပိုစ့်တင်နည်း

ဒီနည်းလေးကို အရင်က စီပုံးမှာ တယောက်အော်ဖူးတယ်ဗျ ... ကျွန်တော် အဲ့ချိန်တုန်းက ကျွန်တော်လည်း အဲ့ဒီ့ အခက်အခဲတွေ့နေတာပါ ... အရင်တုန်းကတော့ အဆင်ပြေတယ်ဗျ .... အရင်တုန်းက Note မှာ Import your blog ဆိုတာမှာ blog ရဲ့ Feed လေးကို ထည့်လိုက်လို့ရှိရင် အဆင်ပြေတယ် ... အဲ့ဒါဆိုရင် ကိုယ်က ဒီဘက် Blog မှာ Post တင်လိုက်တာနဲ့ ဟိုဘက် Facebook မှာ သွားပြီးတော့ တခါတည်းပေါ်ရော ... နောက်တော့ကျတော့ Facebook က အဲ့ဒီ့ App လေးကို ဖျက်လိုက်တယ် ထင်ပါ့ ... အလုပ်မလုပ်တော့ဘူး ... အဲ့ဒါ မေးတဲ့ အချိန်မှာ ကျွန်တော်  အဲ့လိုလေးများ ရဦးမလားလို့ လိုက်ရှာ ကြည့်တယ် မရတော့ဘူး ... ဒါနဲ့ ရှာရှာ .. ရှာရင်းနဲ့ ဒီနည်းလေးကို တွေ့မိပါတယ် ... ဒီနည်းကတော့ တခါတည်း တော့ မရောက်ဘူး .. သူ့ရဲ့ Update time ရှိတယ် ... နာရီဝက် တစ်ခါ အနည်းဆုံးပါ ... နာရီဝက်နေရင် ကိုယ့်ရဲ့ Facebook Page မှာ သူ့အလိုလို သွားပြီးတော့ တင်ပါတယ် ... ဒါပေမယ့် ခြွင်းချက် တစ်ခု က သူက အရင်ကလို Facebook Page မှာ ဖတ်လို့မရပဲနဲ့ Blog Post ရဲ့ လင့်ခ် ကို ပဲ ဖော်ပြပေးတာပါ ... အဲ့ဒီ့ လင့်ကလေးကို နှိပ်လိုက်ရင် တော့ ကိုယ့် Blog ဆီကို Redirect လုပ်သွားပေးတာပါ ... အဆင်ပြေမယ်လို့ ထင်ပါတယ် ... မရှိတာထက်စာရင်တော့ ဒီနည်းလေးက အဆင်ပြေပါတယ် ... ကျွန်တော်တို့ စပြီးလုပ်ကြည့်ရအောင်ပါ ...

ပထမဆုံး ဒီအောက်က လင့်ကလေးကို သွားလိုက်ပါခင်ဗျာ ...

http://twitterfeed.com

ရောက်ပြီဆိုရင်တော့ အဲ့ဒီ့ မှာ Register လုပ်လိုက်ပါ့မယ် ... လုပ်ပြီးသွားပီဆိုရင်တော့ အဲ့ဒီ့မှာ အောက်က စာမျက်နှာလေး ပေါ်လာပါ့မယ်ခင်ဗျာ ...

နံပါတ် 1 မှာကိုယ့် Blog ရဲ့ name ကို ထည့်ပါမယ် ...
နံပါတ် 2 မှာကိုယ့် Blog ရဲ့ URL ကို ထည့်ပါမယ် ....
နံပါတ် 3 မှာတော့ Test rss feed ဆိုတာလေးကို နှိပ်ကြည့်လိုက်ပါမယ် ...

အဲ့ဒီ့မှာ အဆင်ပြေသွားပြီဆိုရင်တော့ အောက်မှာ အမှန်ခြစ်ကလေးနဲ့ Feed parsed Ok ဆိုတာ ပေါ်လာပါလိမ့်မယ်ခင်ဗျာ ...

အောက်က နံပါတ် 4 ကတော့ Advanced setting ပါ .. အဲ့ဒီ့မှာတော့ ကိုယ့်ကြိုက်သလို လိုသလိုလေး ပြင်ဆင်ကြည့်နိုင်ပါတယ် ....
ပြီးရင်တော့ ဟိုး အောက်ဆုံးမှာ Continue to step 2 ဆိုတာလေးကို နှိပ်လိုက်ပါမယ်....

နှိပ်လိုက်ရင် နောက်စာမျက်နှာမှာ
Feed was successfully created. Now click on the social network(s) you want to post to. 

ဆိုပြီးတော့ အဲ့လိုလေးပေါ်လာပါ့မယ် .. အဲ့ဒီ့မှာ ကိုယ်လုပ်ချင်တဲ့ Service ကို ရွေးပေးပါ့မယ် ... Facebook ဆိုလည်း facebook ပေါ့ ... twitter ဆိုလည်း twitter ပေါ့နော် .. အခုက Facebook ဆိုတော့ Facebook ဆိုတာလေးကို ရွေးလိုက်ပါ့မယ် .... ရွေးလိုက်ရင် အောက်က ပုံလေးအတိုင်း ပေါ်လာ ပါလိ့မ်မယ်ခင်ဗျာ .... အဲ့ဒါဆိုရင် Connect with facebook ဆိုတာလေး ကို နှိပ်လိုက်ပါ ....


နှိပ်လိုက်ရင် နောက်စာမျက်နှာမှာ facebook log in ၀င်ခိုင်းပါလိမ့်မယ် .. ၀င်လိုက်ပါ ... ၀င်ပြီးတဲ့အချိန်မှာ စောစောက စာမျက်နှာလေး ကို ပြန်ရောက်သွားပြီးတော့ အောက်ကပုံစံလေးနဲ့ ပြပါလိမ့်မယ် ....
 ပုံလေးထဲကလိုပဲ ကိုယ့်ရဲ့ Page ကိုရွေးပေးလိုက်ပါ ...


 ရွေးပြီးသွားပြီဆိုရင်တော့ အောက်မှာ Create Service ဆိုတာကို နှိပ်လိုက်ပါ ... နှိပ်လိုက်ရင် သူ ခဏအလုပ်လုပ် နေပါလိမ့်မယ် .. Success ဖြစ်လို့ အလုပ်လုပ်ပြီးသွားရင်အောက်မှာ All Done ဆိုတာ ပေါ်လာပါလိမ့်မယ်ခင်ဗျာ ... ပေါ်လာရင်တော့ All Done ကို နှိပ်လိုက်ပါ .. ပြီးရင် Go to Dashboard ကို နှိပ်လိုက်ပါ ... နှိပ်လိုက်ရင် ကိုယ်လုပ်ထားတဲ့ Service ပေါ်နေပါလိမ့်မယ် ...


Blog Title ရယ် ... Blog က ယူထားတဲ့ Feed ရယ် ... ပြီးရင် တော့ Check now ဆိုတာကို လည်း နှိပ်လို့ရပါတယ်ခင်ဗျ .... ကိုယ် Post တစ်ခု တင်လိုက်တိုင်းမှာ ကိုယ့်ရဲ့ Page မှာ သွားပြီးတော့ အောက်ကလို ပုံစံလေးတွေနဲ့ ပေါ်နေပါလိမ့်မယ်ခင်ဗျာ ....


အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ..... Twitter ဆိုလည်း အဲ့လိုလေးပဲလုပ်ရပါတယ်ခင်ဗျာ ... သူက Service တွေ အများကြီးလုပ်လို့ရပါတယ် ... :)

အားလုံး အစစအရာရာ အရင်ထက်ပိုပြီးတော့ အဆင်ပြေ ပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် .....
မောင်လုလင်ဆီကယူလာပေးတာနော်............
 
 

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်

ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။

ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး အဆင်ပြေကြပါစေဗျား !!!

ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ .


 Facebook  ကတွေ့ လို့ မလာပေးတာပါ............. 

Tuesday, April 23, 2013

Facebook အကောင့် Lock မကျအောင် ဒီလို ကာကွယ်ထားပါ

http://scm-l3.technorati.com/11/12/02/57781/facebook-lock-graphic-securestate.jpg?t=20111202142305%22

Facebook ဟာ ဒီရက်ပိုင်းအတွင်း ပြဿနာ တော်တော်ရှာလာတယ်လို့ပြောရမလောက်ပါပဲ
တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ
ဘာကြောင့်လဲဆိုတော့Facebookကိုအသုံးပြုပြီးဘဏ်အကောင့်တွေခိုးတယ်.. နိုင်ငံရေးအမြတ်ထုတ်မှုတွေလုပ်တယ် .. Cyber Attack တွေကြံစည်လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ ..
တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံနေရတာဆိုတော့ Facebook ကိုလည်း အပြစ်ပြောလို့မရပါဘူး ...
အသုံးပြုနေတဲ့ User တွေကသာ သတိလေးနဲ့ သုံးစွဲရုံပေါ့

Facebook ဟာ သူ့ဆီကို Log in ၀င်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ Browser ရဲ့
Date .. Cookies .. History .. Proxy .. စတာတွေကို အရင်ဖတ်ပါတယ်
( ဒါကတော့ ဘယ်ဆိုက်ကို ၀င်ဝင်ပါ )
ပြီးရင် email and password တွေသိုလှောင်ထားတဲ့ php နဲ့ ချိတ်ဆက်ပြီး Log in
အချက်အလက်မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ပြဿမရှိဘူးဆိုရင် အကောင့်ပွင့်သွားပါတယ်
အဲဒီတော့ .. မကြာသေးမီကမှ ကိုယ့်ရဲ့ အကောင့်ကို ဖုန်းနဲ့ ၀င်လိုက်တယ် ..
အကြောင်းကြောင်းကြောင့် စနစ်တကျ Log out မထွက်လိုက်ရပဲ ပိတ်လိုက်တယ်
နောက် .. ခဏနေတော့ ကွန်ပျူတာနဲ့ ကိုယ့်အကောင့်ကို ပြန်ဝင်ပြန်တယ် ..
အဲဒီမှာ Check လုပ်တဲ့အဆင့်မှာတင် Facebook အတွက် သံသယဖြစ်စရာတွေ
ရှိသွားပါပြီ .. ပထမ Log in က Log out မထွက်သေးပဲ နောက်ထပ် စက်တစ်လုံးက
Log in ၀င်လာပြန်ပြီပေါ့ ...
Facebook account တွေ လော့ကျတတ်တာရဲ့ အဓိက ပြဿနာက အဲဒါပါပဲ
နောက်ထပ် လော့ကျနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါသေးတယ်
Password အမှားကြီးနဲ့ ခဏခဏ Log in ၀င်ဖို့ကြိုးစားတာမျိုး
Friend Request တွေ အများကြီး ပို့နေတာမျိုးတခြားလူတွေရဲ့ Wall တွေပေါ်မှာ လင့်ပါတဲ့ စာသားတွေ သွားသွားတင်တတ်တာမျိုးfacebook က Ban ထားတဲ့ ၀က်ဆိုက်တွေထဲကို Facebook ကို Log in ၀င်ထားရင်း သွားလည်မိတာမျိုး .. ( ဥပမာ .. http://zamal-tkj.blogspot.com ဆိုတဲ့ လိပ်စာကို
Facebook ရဲ့ တစ်နေရာရာမှာ ရေးကြည့်ပါ. .. လက်မခံတာတွေ့ရပါလိမ့်မယ် )
ကဲ .. အဲဒီတော့ ကျွန်တော်တို့ရဲ့ Facebook အကောင့်ဟာ လော့ကျနိုင်ခြေတွေ
အများကြီးလို့ ဆိုရမှာဖြစ်ပါတယ်

လော့ကျပြီးသွားရင်တော့ အကောင့်ပြန်ရဖို့ ( Unlock လုပ်ဖို့ ) တော်တော်ကို ခက်ခဲသွားပါပြီ
ဒီတော့ .. ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုသလိုပဲ
ကျွန်တော်တို့ရဲ့ အကောင့်လေး လော့မကျခင်ကတည်းက လော့ကျဖို့ ခက်ခဲအောင်
ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်
ကျွန်တော်တို့ရဲ့ အကောင့်ဟာ ကြောငြာအကောင့် ( Spam အကောင့် ) မဟုတ်တဲ့အကြောင်း
တခြားအကောင့်ပိုင်ရှင်တွေကို စိတ်အနှောက်အယှက်မပေးတဲ့အပြင် Facebook User အချို့အတွက်
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက အကူအညီတောင်ပေးသေးတယ်လို့ Facebook ကို အသိပေးထားနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အကောင့်တွေဟာ တော်ရုံတန်ရုံနဲ့ လော့မကျနိုင်တော့ပါဘူး ..
အဲဒါဆိုရင် ဘယ်လိုလုပ်မှာလဲ .. ဟုတ်ကဲ့ .. လွယ်ပါတယ်တစ်ကယ်ကိုလွယ်ပါတယ် ..
ပထမဆုံးကိုယ့်ရဲ့ Facebook အကောင့်ကိုတော့ Log in ၀င်ထားရပါမယ်



ပြီးပြီဆိုရင် ဒီနေရာ ကိုသွားလိုက်ပါ


အဲဒီ Page ကိုရောက်ပြီဆိုရင် .. အောက်ဆုံးကို ဆင်းကြည့်လိုက်ရင် စာရေးစရာနေရာလေးနဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ်




အဲဒီထဲမှာ အင်္ဂလိပ်လို တစ်ခုခုရေးပြီး Add Answer ကို နှိပ်လိုက်ပါ
ဘာရေ။ရမှာမှန်းမသိရင်လည်း သူများရေးထားတာတွေကို ကော်ပီကူးပြီး ထည့်ပေးလို့ရပါတယ်
(တော်တော်များများလည်း အဲဒီလို ကော်ပီကူးပြီး ပြန်ထည့်ထားကြတာကို တွေ့ရပါလိမ့်မယ် )
တစ်ခုရှိတာက အဲဒီထဲမှာ ဘာလင့်ကိုမှ မထည့်မိဖို့ပါပဲ ..
ကိုယ်ရေးလိုက်တဲ့ Answer လေး တက်သွားပြီဆိုရင် Address bar မှာရှိတဲ့ လင့်လေးကို ကော်ပီကူယူလာပြီးကိုယ့်ရဲ့ Friend တွေကို ပေးပါ .. သူတို့ကို ကိုယ့်ရဲ့ Answer ရဲ့အောက်က Helpful ဆိုတာလေးကိုနှိပ်ပေးဖို့ အကူအညီတောင်းပါ Helpful အရေအတွက် များလေကောင်းလေပါပဲ ..( ဒါပဲနော် .. နည်းလမ်းပြောပြတဲ့ ကျွန်တော့် Answer ကိုလည်း Helpful နှိပ်ပေးထားခဲ့ရမယ် .. မစိမ်းကားကြေး)
တခြားသူတွေကိုလည်း သူတို့ရေးထားတဲ့ Answer လေးတွေကို Helpful နှိပ်ပြီး အကူအညီပေးပါ
ဒီ Feature လေးက Facebook အကောင့်ကို အသစ်ဖွင့်ဖွင့်ခြင်းမှာ လော့ကျတာမျိုးမဟုတ်ပဲ
အသုံးပြုနေရာကနေ လော့ကျတာမျိုးဆိုရင်တောင် အဲဒီ Page မှာ Helpful များများရအောင်လုပ်နိုင်ရင်
အဲဒီအကောင့် ပြန်ရပါတယ် ..ကဲ . အဆင်ပြေကြပါစေဗျာ

 
 

Sunday, March 31, 2013

Faebook ကို Gtalk လိုပဲ Desktop ပေါ်တင်ချက်ချင်ရင်


ဒါလေးကတော့ အသုံးလိုတဲ့သူ ပြန်သုံးရအောင် တင်ပေးတာ။ သုံးရတာအဆင်ပြေ၏

Gtalk လိုပဲအဆင်ပြေတယ် ချက်တင်ကနေ၀င်ပြီး Facebook စာမျက်နှာသွားလည်းရ

Gtalk လိုပဲ Mail စာအိပ်ပုံလေး နှိပ်ရင် Gmail တန်းရောက်သွားသလိုပဲ ကောင်းတယ်

Remember Password လုပ်ခဲ့ရင် ကွန်ပျုတာဖွင့်တာနဲ့ အော်တိုပွင့်တယ် အသစ်ကြီး

ပြန် ရိုက်ရတာ ပျင်းစရာ..အော်လိုက်တာနဲ့ တန်းပွင့်ရင် ဘီလောက် ကောင်းမလဲ...။

လိုချင်ရင် ဒီလင့်မှာယူ -http://www.facebook.com/Messager Ftalk